
လွိုင်ကော် ဩဂုတ် ၃၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက် ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကယား ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော် မြို့ မြို့နာမ်စေတီတော် ဓမ္မာရုံနှင့် သာသနာ့ဗိမာန် တော်ကြီး၌ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုများကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးထိုးနှံပြီးစီးသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။
ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်၊ ဒုတိယအကြိမ် ၊ တတိယအကြိမ်နှင့် စတုတ္ထ အကြိမ်များကို ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ထိုးနှံပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)