ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အတွက် တိုက်ပွဲရှောင်ပြည်သူများ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်

 

နေပြည်တော်   ဇန်နဝါရီ    ၂၇


ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအကြား    ထိတွေ့တိုက်ပွဲများကြောင့်  တိုက်ပွဲ ဖြစ်ပွားရာ နေရာများနှင့် လွတ်ကင်းသည့်နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော်မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ   အပြစ်မဲ့ပြည်သူများအား နယ်မြေပြန်လည်     တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော် မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ ၄၃၉ ဦးတို့သည် ၎င်းတို့နေရပ်အသီးသီးသို့ ထပ်မံပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရ သည်။ 

 


ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် တိုက်ပွဲရှောင် ပြည်သူများအား    သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျလက်ခံပြီး  လိုအပ်သည်များ  ညှိနှိုင်း ဖြည့်ဆည်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

 


ကယားပြည်နယ်အတွင်း   NUG နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများအား  လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂၀၂၂ ခုနှစ် ဇန်နဝါရီ လအတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသတစ်ဝိုက်အား    လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိလာ သဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက် ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာ ရေးကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြုဆုတောင်း  သူများနှင့်   ပုံမှန်အတိုင်း   သွားလာလှုပ်ရှားလျက် ရှိကြောင်း သတင်းရရှိသည်။              

သတင်းစဉ်