ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အတွက် တိုက်ပွဲရှောင်ပြည်သူများ နေရပ်အသီးသီးသို့ ထပ်မံပြန်လည်ဝင်ရောက်

 

နေပြည်တော်   ဇန်နဝါရီ     ၂၅
ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများကြောင့်  တိုက်ပွဲဖြစ်ပွားရာ   နေရာများနှင့်   လွတ်ကင်းသည့် နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော်  မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ ပြည်သူများကို နယ်မြေပြန်လည် တည်ငြိမ်အေးချမ်း ပြီဖြစ်သည့် ၎င်းတို့၏နေရာဒေသများ၌ ပြန်လည် နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင်    လွိုင်ကော်မြို့ပေါ်နှင့်   ပတ်ဝန်းကျင်ကျေးရွာ များမှ တိုက်ပွဲရှောင် ပြည်သူ ၂၁၂ ဦးတို့သည် ၎င်းတို့ နေရပ်  အသီးသီးသို့  ထပ်မံပြန်လည်ဝင်ရောက် နေထိုင်ခဲ့ကြောင်း သိရသည်။ 
ထိုသို့   ပြန်လည်ဝင်ရောက်လာသည့်   တိုက်ပွဲ ရှောင်ပြည်သူများကို  သက်ဆိုင်ရာ  တာဝန်ရှိသူ များက   စနစ်တကျလက်ခံခဲ့ပြီး   လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ကူညီထောက်ပံ့မှုများ ဆောင် ရွက်ပေးလျက်ရှိသည်။
ကယားပြည်နယ်အတွင်း   NUG   နှင့်    PDF အမည်ခံအကြမ်းဖက်သမားများအား     လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှစတင်၍  PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ   ၂၀၂၂     ခုနှစ် ဇန်နဝါရီလအတွင်း   ထိတွေ့တိုက်ပွဲများ    ဖြစ်ပွား ခဲ့ပြီး    အဆိုပါဒေသတစ်ဝိုက်ကို  လုံခြုံရေးတပ်ဖွဲ့  ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ရာ နယ်မြေတည်ငြိမ် အေးချမ်းမှုများ ပြန်လည် ရရှိလာသဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကား လျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြား ဘာသာရေးကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြု ဆုတောင်းသူများနှင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လျက်ရှိကြောင်း သတင်းရရှိသည်။        သတင်းစဉ်