
လွိုင်ကော် ဇန်နဝါရီ ၂၆
နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင် စားများအား ပင်စင်လစာထုတ်ပေး ခြင်းနှင့် အခြေခံစားကုန်များ၊ ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများ ထောက်ပံ့ပေးအပ် ပွဲကို ယနေ့နံနက်ပိုင်းက ကယား ပြည်နယ် လွိုင်ကော်မြို့ မြန်မာ့ စီးပွားရေးဘဏ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး တင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်း စား)ပင်စင်စားများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်က ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား အခြေခံစားကုန်များ၊ ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများ ထောက်ပံ့ပေးအပ်ရာ တက် ရောက်လာသည့် ပင်စင်စားများက လက်ခံရယူသည်။
ပင်စင်လစာထုတ်ပေး
ဆင်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်က နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို ပင်စင်လစာထုတ်ပေးနေမှု အား ကြည့်ရှု၍ လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
လစဉ်ထုတ်ပေးနိုင်ရေးဆောင်ရွက်
အဆိုပါ ပင်စင်လစာထုတ်ပေး မှုမှာ မြို့ပြပင်စင်စား ၁၇ ဦး၊ ကာကွယ်ရေးပင်စင်စား ၇၃ ဦး စုစုပေါင်း ၉၀ အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ပင်စင်လစာများ ထုတ်ပေးခဲ့ပြီး လစဉ်ပုံမှန် ထုတ်ပေး နိုင်ရေး မြန်မာ့စီးပွားရေးဘဏ်မှ ဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်(ပြန်/ဆက်)