
ကဝ အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန် နေ့ နံနက်ပိုင်းက ကဝမြို့နယ် အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်း ဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကဝမြို့နယ် သပြုစံပြကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း၌ ဒယ်အိုးအမျိုးမျိုး၊ စက်လှေပန်ကာ အမျိုးမျိုး၊ ငရုတ်ဆုံနှင့် ဆိုင်ကယ် အပိုပစ္စည်းအမျိုးမျိုး သတ္တု အရည်ကျိုပုံလောင်း ဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှု သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သပြု စံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သတ္တုအရည်ကျို ပုံလောင်းလုပ် ငန်း ဆောင်ရွက်နေသည့် လုပ်ငန်း ရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံတော် အဆင့်မှ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး အားပေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြော ကြားပြီး လုပ်ငန်းသုံး ပါဝါမီတာ ရရှိရေး၊ စက်ရုံများအတွက် အချိန် ပြည့် လျှပ်စစ်မီးရရှိရေး၊ လိုအပ် ပါက ထရန်စဖော်မာ တပ်ဆင်နိုင် ရေး၊ ဆိုလာစနစ်ဖြင့် ရေချို တွင်းနက် တူးဖော်ပေးနိုင်ရေး၊ ကုန်ကြမ်းများ ရရှိရေးနှင့် ကျေးရွာ အနီး MSME လုပ်ငန်းများ အတွက် သီးခြားမြေနေရာ သတ် မှတ်ပေးနိုင်ရေးတို့ကို သက်ဆိုင် ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် သပြုစံပြကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်း သား ကျောင်းသူများ အေးချမ်း တည်ငြိမ်စွာ ပညာသင်ကြားနေမှု ကို ကြည့်ရှုအားပေးပြီး ပျက်စီး နေသည့် စာသင်ဆောင်အဟောင်း များ ပြန်လည်ပြင်ဆင်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ ကလေး ကစားကွင်းတစ်ခု၊ အားကစား ပစ္စည်းများနှင့် သီးခြားထောက်ပံ့ ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ရောက်ရှိပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ် စား (MSME) စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်ရေး မှာကြားသည်။
ထို့နောက် ကဝမြို့အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ သွား ရောက်၍ (၂၅) ခုတင်ဆံ့ နှစ်ထပ် ဆေးရုံကြီး တည်ဆောက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာ ရေးဝန်ထမ်းများအတွက် သီးခြား ထောက်ပံ့ငွေများ ပေးအပ်သည်။
ယနေ့ နံနက်ပိုင်းတွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်သည် အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပသည့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး မြို့နယ်တစ်မြို့နယ် ထုတ်ကုန် တစ်မျိုး ထုတ်လုပ်နိုင်ရေးနှင့် ထုပ်ပိုးမှုပါကင်စနစ်များ အဆင့်မြင့် ကောင်းမွန်စေရေး ဆောင်ရွက်ရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်