
ကူဝိတ်စီးတီး ဖေဖော်ဝါရီ ၁၅
ကူဝိတ်နိုင်ငံ၌ ကိုဗစ် - ၁၉ စည်းကမ်း ကန့်သတ်ချက်များ ကို ဖြေလျှော့ပေးတော့မည်ဟု ကူဝိတ်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၂၀ ရက်မှ စတင် ကာ အစည်းအဝေးများ၊ ပွဲများ၊ မင်္ဂလာဆောင်များနှင့် ဂီတပွဲများ ကို အစိုးရက ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ကူဝိတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တာရက် အယ်မက်ဇရမ်က ပြောသည်။
သို့သော်လည်း ပွဲများကျင်းပ သည့်အခါ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရ မည်ဖြစ်သည်။ ကာကွယ်ဆေး မထိုးထားသူများသည် ရုပ်ရှင်ရုံ များ၊ ဈေးဝယ်စင်တာကြီးများနှင့် ဂီတပွဲများသို့ သွားသည့်အခါ ၇၂ နာရီအတွင်း ဆေးစစ်ထားသည့် ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်ကို ပြသရမည် ဖြစ်သည်။
ခရီးသွားလာမှု ကဏ္ဍတွင် လည်း ကာကွယ်ဆေးအပြည့် ထိုးထားသည့် နိုင်ငံသားများနှင့် ဒေသခံများသည် ကူဝိတ်နိုင်ငံသို့ ရောက်ရှိသည့်အခါ ပီစီအာ ဆေးစစ်မှုကို ဖျက်သိမ်းပေးရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။
ကူဝိတ် အစိုးရဌာနများ အားလုံးသည် မတ်လ ၁၃ ရက်မှ စတင်ကာ လုပ်ငန်းခွင်များကို အင်အားအပြည့်ဖြင့် ပြန်လည် လည်ပတ်တော့မည်ဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ