ကျူးကျော်စစ်ပွဲများမှ အတိတ်သမိုင်း သင်ခန်းစာများ (၅) မကျေညက်တဲ့အတိတ်သမိုင်းနှင့်အတူ ယူကရိန်းကပေးတဲ့ သင်ခန်းစာ

Type
1

မြင့်မြတ် 

 

အတိတ်ကပေးတဲ့သင်ခန်းစာဆိုတာ အတိတ်မှာပဲ ထားခဲ့လို့မရပါဘူး။ သင်ခန်းစာကို အခွင့်အလမ်းအဖြစ် မှတ်ယူပြီး  ပစ္စုပ္ပန်အတွက် အကျိုးရှိအောင်  အသုံးချနိုင်ဖို့ လိုပါမယ်။ 

 


ဒီတစ်ကြိမ်မှာလည်း ရုရှား- ယူကရိန်း စစ်ပွဲက    သင်ခန်းစာပေးသွားပြန်ပါပြီ။ လက်ရှိ  ကမ္ဘာ့အခင်းအကျင်းကို သင်ခန်း စာ    မယူတတ်တဲ့    ယူကရိန်းနိုင်ငံဟာ ဗုံးသံ သေနတ်သံတွေအောက်မှာ အပျက် အစီးများစွာနဲ့   အများကြီး  ပေးဆပ်‌ နေရတယ်။ ယူကရိန်းအနေနဲ့ အနီးဆုံး အာဖဂန်နစ္စတန်စစ်ပွဲကို သင်ခန်းစာယူရ ပါမယ်။ အဝေးဆီက ဗီယက်နမ်စစ်ပွဲမှ လည်း သင်ခန်းစာထုတ်တတ်ရပါမယ်။ အမေရိကန်ရဲ့       ကျူးကျော်စစ်ပွဲတွေ ကြောင့် အီရတ်၊  လစ်ဗျား၊   ဆီးရီးယား ပြည်တွင်းစစ်များရဲ့  ဓားစာခံဖြစ်ခဲ့ရတဲ့ ပြည်သူ ပြည်သားတွေရဲ့ ဆိုးရွားလှတဲ့ ဆင်းရဲဒုက္ခတွေ၊ အဖတ်ဆယ်မရတော့တဲ့ ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံ တွေ ဘယ်သူကများ တာဝန်ယူ၊ တာဝန် ခံခဲ့ကြပါသလဲ၊ ခေတ်သစ် ကျူးကျော်စစ် တွေရဲ့ အဓိကလက်သည် အမေရိကန် ကြီးအနေနဲ့ရော   ဒီစစ်ပွဲတွေ  အားလုံး အတွက် တာဝန်ယူခဲ့ပါသလား။ 

 


မြင်သာတဲ့ခေါင်းဆောင်မှုကွာခြားချက် 


လက်ရှိ ယူကရိန်းနဲ့ ရုရှားဖြစ်စဉ်မှာ  ခေါင်းဆောင်မှု   ကွာခြားချက်တွေကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရတယ်။ ဉာဏ်ပညာအမြော်အမြင်နဲ့       ရှေ့ကို ကြိုမြင်ပြီး ကိုယ်ရဲ့ ခွန်အားနဲ့ စစ်ရေး၊ စီးပွားရေးအင်အားကို   သိုသိုသိပ်သိပ် ကြိုပြီး        တည်ဆောက်ထားတတ်တဲ့ ခေါင်းဆောင်နဲ့    ကာကွယ်ရေးအမြင်၊ လုံခြုံရေးအမြင်      ဘာမှမရှိဘဲသူများ ကြိုးဆွဲရာက       ရုပ်သေးရုပ်ဖြစ်ရတဲ့ ခေါင်းဆောင်နှစ်ဦးအကြား   ဖြစ်စဉ်နဲ့ ရလဒ်ကအများကြီး ကွာသွားပါတယ်။ ခေါင်းဆောင်ညံ့ပြီး   ဆင်ခြင်တုံတရား မရှိရင် ပြည်သူတွေ အများကြီး ခံရပါ တယ်၊  တိုင်းပြည်ပျက်ရတယ်။ ပါးနပ်မှု မရှိ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေကြောင့် အိုးမဲ့အိမ်မဲ့နဲ့ စွန့်ခွာထွက်ပြေးရပြီး ဘာမှ အပြစ်မရှိဘဲ     ထိခိုက်သေဆုံးကြရတဲ့ စတေးခံပြည်သူတွေရဲ့ဘဝဟာ တကယ် ဝမ်းနည်းစရာကောင်းလှပါတယ်။ 

 


ဆရာကျလှတဲ့     ကိုယ်ကျိုးကြည့် နိုင်ငံကြီးတွေရဲ့  ထိပ်တိုက်တွေ့စေရေး ဗျူဟာနဲ့    မြှောက်ပင့်မှုတွေအောက်မှာ ယုံစားမိခဲ့တဲ့ခေါင်းဆောင်နဲ့အတူ ဒူးနဲ့ မျက်ရည်သုတ်ရတဲ့    ပြည်သူတွေကို နှစ်သိမ့်ဖို့   “ဝမ်းနည်းပါတယ်”   ဆိုတဲ့ စကားကတော့   နောက်ကျနေပြီဖြစ်ပါ တယ်။

 

ခေါင်းဆောင်တင်မက ပြည်သူ့ ဘက်ကလည်း  မအဖို့နဲ့    မညံ့ဖို့တော့ လိုမယ်ဆိုတာ လက်ရှိဖြစ်စဉ်က ထင်ရှား ပြနေတယ်ဆိုတာ မြင်တတ်ဖို့လိုပါတယ်။ ယူကရိန်းမှာ ဒီလိုဖြစ်ရတာ ပြည်သူများ မှာလည်း      တာဝန်ရှိတယ်လို့ပြောရင် မမှားပါဘူး၊     ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် သူတို့ရဲ့ခေါင်းဆောင် ရွေးချယ်မှု     မှားခဲ့လို့ပါပဲ။    နိုင်ငံရေး လုပ်တယ်ဆိုတာ စိတ်ကူးယဉ်ဆန်ဆန်နဲ့  ရုပ်ရှင်ရိုက်နေတာမဟုတ်၊ လူများတိုင်း လည်း ဤ ကို ကျွဲဖြစ်တာမဟုတ်၊ သမိုင်း ကျေမှသာ နိုင်ငံရေးလုပ်သင့်ပြီး တကယ့် လက်တွေ့ကျတဲ့ နိုင်ငံအရေးသည်သာ လျှင်       ဦးထိပ်ပန်ဆင်ရမယ့်အရာလို့ မှတ်ယူသင့်ပါတယ်ဆိုတာ ကွဲကွဲပြားပြား မြင်ရပါလိမ့်မယ်။ 

 


အမြော်အမြင်ရှိတဲ့ခေါင်းဆောင်နဲ့ ညီညွတ်မှုရှိတဲ့ပြည်သူသာပဓာန 


နိုင်ငံကြီးတွေကြားမှာ   ညပ်နေတဲ့ နိုင်ငံငယ်တွေအတွက် ပိုပြီး သတိထားဖို့ လိုတယ်ဆိုတာ ယူကရိန်းက သက်သေပြ နေတယ်။ စစ်ရေးအရရော ပထဝီနိုင်ငံ ရေးအရပါ မဟာဗျူဟာကျတဲ့ နိုင်ငံငယ် တွေအတွက်ဆို   ပိုအရေးကြီးတာပေါ့။ နှစ်နိုင်ငံနယ်စပ်‌တွေမှာ buffer zone ခံထားခံရတဲ့   လက်နက်ကိုင်အဖွဲ့တွေ ရှိနေတဲ့ နိုင်ငံငယ်တွေရဲ့ ခေါင်းဆောင် တွေမှာ     စစ်ရေး၊     နိုင်ငံရေးအမြင် ထက်မြက်ဖို့  လိုပါတယ်။  ဆင်ခြင်တုံ တရားနဲ့ အကွက်မြင်နေဖို့  လိုတယ်။ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လက်နက် ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်တိုင်း မိမိ တိုင်းပြည်နဲ့ ကိုယ့်ပြည်သူတွေမနစ်နာဖို့ လျှို့ဝှက်စွာ ညှိနှိုင်းပေါင်းစပ် လုပ်ကိုင် ရတာတွေ၊ အပေးအယူအလျှော့အတင်း  လုပ်လိုက်ရတဲ့ဖြစ်စဉ်တွေဟာ ပါးနပ်ပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေနဲ့သာလုပ်နိုင်တာဖြစ်တယ်။ ပြည်သူတွေ အတွက်တော့ စည်းလုံးညီညွတ်မှုရှိပြီး နိုင်ငံရေးရေချိန်လည်း မြင့်မားဖို့လိုတယ် ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါ ဘူး။ ယူကရိန်းဖြစ်စဉ်မှာ  မြင်နေရတာ‌ တော့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာဟာ ခေါင်းဆောင်မှုနဲ့      ညီညွတ်မှုအပေါ် အဓိကမူတည်နေတယ်ဆိုတာ ထင်ရှား နေခြင်းပဲ ဖြစ်ပါတယ်။ 

 


ကိုယ့်ပြည်တွင်းအားနဲ့ ကိုယ့်အမျိုးသားအကျိုးစီးပွားသာထာဝရ 


လုံခြုံမှုရှိမှသာ     တည်ငြိမ်မယ်၊  ငြိမ်းချမ်းနိုင်မယ်ဆိုတာ     ယူကရိန်းစစ်ပွဲ က ပြနေပါတယ်။   ကိုယ့်နိုင်ငံ၊    ကိုယ့် ယဉ်ကျေးမှုစံနှုန်းတွေနဲ့      ကိုက်ညီမှု ရှိရဲ့လားမသိ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စကားလုံးလောက်ပြောတတ်ရင်ကို နိုင်ငံ ရေးလို့ထင်ပြီး အလုပ်ဖြစ်နေတဲ့ နိုင်ငံရေး သမားတွေနဲ့ ပြည်သူတွေအတွက်တော့ လူ့အခွင့်အရေး၊   ဒီမိုကရေစီအရေးထက် ကိုယ့်ပြည်သူတွေရဲ့လုံခြုံရေးနဲ့ နိုင်ငံရဲ့ အင်အား၊   ကိုယ့်ရဲ့   အမျိုးသားအကျိုး စီးပွား ကသာ ပိုအရေးကြီးပါလားဆိုတာ သဘောပေါက်လောက်ပါတယ်။ 

 


ယခုတော့ ယူကရိန်းနဲ့ ယူကရိန်း ပြည်သူတွေကို US ကလည်း လာမကယ် နိုင်၊ UN ကလည်း လာမကူနိုင်၊ NATO ကလည်း     အဖက်မလုပ်၊   ယူကရိန်း သမ္မတကိုယ်တိုင်လည်း ကူရာမဲ့၊ ဘယ်  ခေါင်းဆောင်ကမှလည်း တာဝန်မယူ။  “ကျားသနားမှ နွားချမ်းသာရမယ့်” ဘ၀၊ ပြည်တွင်းအားသည် ပြည်တွင်းမှာသာ  ရှိတယ်ဆိုတာ အမှန်ပဲဆိုတာ ဒီနေရာမှာ  တွေ့လိုက်ရတယ်။   နိုင်ငံခြားရေးမူဝါဒ အနေနဲ့လည်း ယူကရိန်းအစိုးရအနေနဲ့ မိမိအမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ထိန်းသိမ်းနိုင်မယ့် မူဝါဒ ကိုသာ ကိုင်စွဲထားရမယ်ဆိုတာ မေ့လျော့ ခဲ့တယ်လို့ ထင်မြင်မိပါတယ်။ 

 


ရုရှားနဲ့ယူကရိန်းဟာ သွေးရင်း သားချင်း ညီအစ်ကိုဖြစ်ခဲ့ကြသူတွေပါ 

 

ပထဝီနိုင်ငံရေးရှုထောင့်က ကြည့်ရင် ဘယ်နိုင်ငံက ကိုယ့်အတွက် မဟာဗျူဟာ  အရ ဘယ်လိုအချက်အချာကျနေသလဲ၊ မြင်ကြည့်တွေးကြည့်တတ်ဖို့လိုပါတယ်။ ပကတိ ကိုယ့်နိုင်ငံနဲ့ စပ်အပ်တဲ့ နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးလမ်းစဉ်တွေသာလျှင် ကိုယ့်နိုင်ငံရဲ့ အင်အားနဲ့   လုံခြုံရေးကို တည်ဆောက်နိုင်မှာ     ဖြစ်ပါတယ်။ တကယ်တော့ ရုရှားနဲ့ ယူကရိန်းဆိုတာ ဆိုဗီယက်တစ်ပြည်ထောင်စုထဲမှာ အတူ ရှိခဲ့ကြပြီး မိခင်ရုရှားအောက်မှာ စည်းလုံး ခဲ့ကြတဲ့     သွေးရင်းသားချင်းညီအစ်ကိုတော်တွေပါ။ 

 


ယူကရိန်းဟာ ဆိုဗီယက်ပြည်ထောင်စု ကြီးမှာ ရှိစဉ်ကတည်းက ဖွံ့ဖြိုးတိုးတက် ခဲ့တဲ့    နိုင်ငံတစ်ခုဖြစ်သလို   ခွဲထွက်ပြီး နိုင်ငံဖြစ်တဲ့အခါမှာလည်း စစ်ရေး၊ စီးပွား ရေး      အတော်တောင့်တင်းတဲ့    နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ၁၉၉၀ မှာ CIA နဲ့စနက်ကြောင့် ဆိုဗီယက်ပြည်‌ထောင်စု ကြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲခဲ့ကြတဲ့အခါမှာတောင်   ယူကရိန်းဟာ   US နဲ့ NATO အုပ်စုနောက်မလိုက်ဘဲ ရုရှားနဲ့ အတူ ၂၀၁၄  ခုနှစ်အထိကို   ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နှစ်ကိုယ့်တစ်စိတ် ရှိခဲ့ကြပါ သေးတယ်။ နောက်ပိုင်းတော့   ရုရှား လိုလားတဲ့အစိုးရကို   US နဲ့ UK    တို့ရဲ့ မြှောက်ပင့်‌သွေးခွဲ     ဖြုတ်ချအပြီးမှာ အနောက်လိုလားတဲ့အစိုးရ     အုပ်ချုပ် နေခဲ့တာ ယနေ့ထိတိုင်ပါပဲ။ 

 


US နဲ့ NATO ရဲ့အကြံ ခံရတာက ယူကရိန်း 


US ဟာ ဒါကို အားမရသေးဘဲ ရုရှား ကို အလုံးစုံဝိုင်းပတ်ပိတ်ဆို့ပြီး နောက်ဆုံး ရုရှားကြီး အင်အားချည့်နဲ့ ပျက်စီးအောင် အကြံနဲ့  ယူကရိန်းကို NATO ထဲဆွဲသွင်း၊  ယူကရိန်းမှာ NATO တပ်ဖွဲ့နဲ့ လက်နက် တွေ   ချထားမှာဖြစ်ပါတယ်။    ရုရှား ခေါင်းဆောင်    ဗလာဒီမီယာ   ပူတင် အနေနဲ့လည်း သူ့နိုင်ငံခြံစည်းရိုးတံခါးဝ မှာ    ရန်သူကို   အခြေချခွင့်ပြုရအောင် ဆင်ခြင်တုံတရားမဲ့တဲ့ ခေါင်းဆောင်မျိုး မဟုတ်ပါဘူး။   ယူကရိန်းနိုင်ငံ   NATO အဖွဲ့ဝင်ဖြစ်သွားရင် ရုရှားနိုင်ငံရဲ့ လုံခြုံ ရေးဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေ အောက်       ရောက်သွားရမယ်ဆိုတာ အားလုံးက မှန်းဆကြည့်နိုင်ပါတယ်။ 

 


ယူကရိန်းသမ္မတ   ဇာလန်စကီး အနေနဲ့ တင်းမာမှုလျှော့ချရေးအတွက် အဖြေရှာရမယ့်အစား ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ ရုရှား အနေနဲ့ ဘယ်လိုမှ လက်ခံလို့မရတဲ့အနေ အထား ဖြစ်သွားပါတယ်။ ဒီအနေအထား မှာ     နှစ်ဖက်    စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးအဖြေရှာခဲ့ကြပေ မယ့်   ရုရှားရဲ့လုံခြုံရေးနဲ့    အမျိုးသား အကျိုးစီးပွားကို   အမေရိကန်ကရော၊ NATO ကပါ အာမခံချက်မပေးနိုင်တဲ့ အပြင် ရုရှားနဲ့ တစ်ချိန်က ဆွေမျိုးဖြစ်ခဲ့ ဖူးသူ ယူကရိန်းကပါ   US   နောက်လိုက်ပြီး သစ္စာဖောက်ခဲ့တဲ့အခါမှာတော့ ယခုလိုပဲ ယူကရိန်းမှာ စစ်မီးတောက်ပြီး အဖြစ်ဆိုး ကြုံကြရတော့တာ ဖြစ်ပါတယ်။ တကယ် စစ်ပွဲဖြစ်လာတဲ့အခါမှာတော့ ယူကရိန်း ဟာ NATO အဖွဲ့ဝင်မဟုတ်တဲ့အတွက် ယူကရိန်းဘက်က     ကူတိုက်ပေးမယ့် အခြေအနေမှာ မရှိပါဘူး။ တကယ်တော့ ရုရှား - ယူကရိန်းစစ်ပွဲဟာ သူတို့ဆွေမျိုး အချင်းချင်း ပြည်သူအချင်းချင်း လက် ထောက်ချ ပြန်သတ်ခိုင်းတဲ့ US နဲ့ NATO တို့ရဲ့ အကြံပဲဖြစ်ပါတယ်။ 

 


မတူတဲ့အကြောင်းပြချက်နဲ့ မတူတဲ့စစ်ပွဲအသွင်အပြင် 


ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ပြောနေပါတယ်။ NATO တပ်‌ဖွဲ့တွေ   အီရတ်၊   လစ်ဗျား၊    ယူဂို ဆလားဗီးယားကို ဝင်တိုက်စဉ်ကတော့ ဒီမိုကရေစီကို အကြောင်းပြခဲ့ပါတယ်တဲ့။ ဒါပေမယ့် ရုရှားက ယူကရိန်းကို ဝင်တာ ကိုတော့   အတင်းအဓမ္မကျူးကျော်မှု aggression, invasion လို့ ခေါ်ဝေါ် သမုတ်နေတယ်လို့ ဆိုပါတယ်။ 

 


ဖြစ်စဉ်တွေကို   နှိုင်းယှဉ်ကြည့်ရင် အကြောင်းအကျိုးဆီလျော်မှု၊ ပရမ်း ပတာဖြစ်မှု ရှိမရှိ၊ အသေအပျောက်နှုန်း စတာတွေနဲ့ ဆန်းစစ်ပြီးပြောပြသွားခြင်း ဖြစ်တယ်လို့ မှတ်သားမိပါတယ်။ ရုရှားရဲ့ အကြောင်းပြချက်က    အချုပ်အခြာနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့က အဓိကပါ။ နယ်နိမိတ်ချင်းထိကပ်နေတဲ့  နှစ်ရှည် လများ     မိသားစုဝင်နိုင်ငံတစ်နိုင်ငံကို ငြိမ်းချမ်းရေးအကြောင်းပြ ဝင်ရောက် ခြင်းလို့ ယူဆနိုင်ပါတယ်။ နိုင်ငံငယ် တွေအပေါ် US ဦးဆောင်ပြီး ဝင်ရောက်  တိုက်ခိုက်၊ နှစ်ကာလရှည်သိမ်းပိုက်ခြင်း ရဲ့ အကြောင်းပြချက်တွေကို ကြည့်ရင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အကြမ်း ဖက်နှိမ်နင်းမှု      စတဲ့အကြောင်းပြချက် တွေချည်း   ဖြစ်တယ်ဆိုတာ   တွေ့ရ ပါတယ်။ 

 


သူ့အကြောင်းနဲ့သူရှိကြပေမယ့် US နဲ့ NATO ကျူးကျော်မှုက မိုင်ထောင်ချီ ဝေးကွာတဲ့ နိုင်ငံများကို ဝင်ရောက်တိုက် ခိုက်သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ပြီး အရပ် သားပြည်သူ   သေဆုံး၊   ပျောက်ဆုံး၊ ဒဏ်ရာရ၊   ဆုံးရှုံးပျက်စီးမှုပမာဏက ကြီးမားလွန်းလှပါတယ်။   ယခုထိတိုင် ထိုတိုင်းပြည်တွေမှာ ငြိမ်းချမ်းရေးလည်း မရရှိကြသေးပါဘူး။ 

 


ရုရှားတပ်ဖွဲ့တွေရဲ့  အထူးစစ်ဆင် ရေးလို့ခေါ်တဲ့ ဝင်ရောက်တိုက်ခိုက်မှုက ဘယ်လောက်     ရှည်ကြာမယ်ဆိုတာ ခန့်မှန်းရခက်ပေမယ့်     လွန်ခဲ့တဲ့ရက် များက အိမ်နီးချင်း ကာဇက်စတန်နိုင်ငံကို ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ရက်ပိုင်းလေးဝင်ရောက်ခဲ့မှုကိုကြည့်ရင်     အပြောနဲ့ အလုပ်ညီညွတ်မယ်လို့တော့ ယူဆရပါ တယ်။ ရုရှားနဲ့ ယူကရိန်းအတွက် ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်မှု၊ လုံခြုံမှုအာမခံချက် ရအောင်လုပ်မှာဖြစ်ပြီး    နှစ်ချီကြာမယ့် စစ်ဆင်ရေးအသွင်   မဖြစ်နိုင်ကြောင်း ခန့်မှန်းမိပါတယ်။

 


မလွဲမသွေ ကြုံတွေ့ခံစားရတဲ့ စစ်ရဲ့နောက်ဆက်တွဲလက္ခဏာတွေနဲ့အတူ အရင်းခံ အကြောင်းတရားများ ရှာနိုင်ဖို့လို 

 

အားလုံး ခန့်မှန်းတဲ့အတိုင်း ဖြစ်လာ တာတွေတော့   ရှိပါတယ်။      စစ်ရဲ့ နောက်ဆက်တွဲ စီးပွားရေး၊  လူမှုရေး ဂယက်တွေပဲပေါ့၊ လက်ရှိ ရေနံလောင်စာ ဈေး၊   ရွှေဈေး   အကုန်တက်သွားပါပြီ။ ရူဘယ်တန်ဖိုးကျ၊  စတော့ဈေးတွေကျ၊ ဒေါ်လာတန်ဖိုးကျပြီး   US ရဲ့ ငွေကြေး ဖောင်းပွမှု       မြင့်တက်သွားပါတယ်။ ကိုယ့်ပြည်တွင်းမှာပဲ      Production အားကောင်းတဲ့   နိုင်ငံကြီးတွေအနေနဲ့ မထောင်းသာပေမယ့်    ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို   သာမန်ပြည်သူတွေ အပါအဝင် အားလုံးက ခံစားရတော့မှာပါ။  ကပ်တွေပါပဲ။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာဆိုတော့ အစွဲကင်းကင်းနဲ့ ကြည့်ရင် စစ်ပွဲဖြစ်ရခြင်းရဲ့ တကယ့်မူလ အရင်းခံ   အကြောင်းတရားကဘာလဲ။ ဘယ်လိုသဘောတရားတွေက လွှမ်းမိုး factors တွေလဲ။  ရှာတတ်ဖို့လိုတဲ့အပြင် တကယ့်မြင်သာတဲ့   အကြောင်းတရား တွေကိုပဲ ကြည့်လို့မရပါဘူး၊ hidden cause ခေါ်တဲ့ မမြင်သာတဲ့အကြောင်းတရားတွေကိုလည်း ရှာနိုင်မှသာ ရေရှည် အဖြေရမှာဖြစ်တယ်ဆိုတာ   မြင်ရမှာ ဖြစ်ပါတယ်။ root cause ခေါ်တဲ့ အရင်း အမြစ်အကြောင်းခံကို    မရှာနိုင်ရင် ဘယ်လိုပဋိပက္ခမျိုးကိုမှ        ဖြေရှင်းဖို့ လွယ်မှာ မဟုတ်ပါဘူးဆိုတဲ့အချက်က ရထိုက်တဲ့ သင်ခန်းစာတစ်ခုပါပဲ။

 


နောက်ဆုံး      အချုပ်ဆိုရရင်တော့ ဥရောပမြေမှာ   တုန်ဟည်းခဲ့ရတဲ့    ယခု ရုရှား- ယူကရိန်းစစ်ပွဲကြီးကို ဥရောပ ခေါင်းဆောင်တွေနဲ့        အမေရိကန် ခေါင်းဆောင်တွေအကြား     အဆိပ်နဲ့ သကာရည်ရောထားပြီး     ခါးသီးလှတဲ့ စစ်ပွဲတစ်ခုအဖြစ်ပဲ မြင်မိပါတယ်။ ရုရှား နိုင်ငံမှာ  ပြည်သူ  လေးသန်းခန့်ကသာ ရုရှားရဲ့စစ်ဆင်ရေးကို ကန့်ကွက်ကြပေ မယ့် ကြားက စစ်ပွဲဒဏ်ခံရတဲ့ ယူကရိန်း ပြည်သူတွေကတော့ ‌အပြစ်မဲ့မြေစာပင် တွေပဲ   ဖြစ်ကြရပါတယ်။   စစ်ဆိုတာ ခေါ်မိရင်   မပြီးနိုင်၊   မစီးနိုင်  ဖြစ်တတ် ပါတယ်။ ဘယ်သူနိုင်နိုင်ရှုံးရှုံး ဘယ်လို စစ်ပွဲမျိုးမှ မကောင်းပါဘူး။ 

 


ကိုယ့်နိုင်ငံက တိုင်းရင်းသားပြည်သူတွေအတွက်ကတော့ ညီညွတ်ချိန်တန်ပြီ၊ စည်းလုံးချိန်တန်ပါပြီ။ တိုက်ကြခိုက်ကြ တာတွေ ရပ်သင့်ပါပြီလို့သာ မေတ္တာရပ်ခံ ချင်ပါတယ်။  တို့နိုင်ငံက   ပြည်သူတွေ၊ တိုင်းရင်းသားတွေ သူများနိုင်ငံ၊ သူများ အကျိုးအတွက် ဘာဖြစ်လို့ အသက်တွေ၊ ဓနဥစ္စာတွေ       အဆုံးရှုံးခံကြရမှာလဲ။ တွေးကြည့်ဖို့ကောင်းပါတယ်။ 

 


ဒါ့ကြောင့်ပဲ     ယူကရိန်းကပေးတဲ့ သင်ခန်းစာကိုရယူရင်းနဲ့     ဆုတောင်း လိုက်မိပါတယ်။ ယူကရိန်းပြည်သူတွေ အားလုံး      အဆိပ်အတောက်ကင်းတဲ့ ရိုးသားဖြောင့်မတ်ပြီး    ဉာဏ်ပညာရှိတဲ့ ခေါင်းဆောင်တွေအောက်မှာ ငြိမ်းချမ်း အေးချမ်းတဲ့    ဘဝတွေကို   ပြန်လည် ပိုင်ဆိုင်နိုင်ကြပါစေ ... လို့သာ။