ကုန်သွယ်ရေးဇုန်/စခန်းများတည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပ

 

နေပြည်တော်   စက်တင်ဘာ   ၁၄


ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင်  နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများ ကဲ့သို့    နယ်စပ်မျဉ်းအနီး   တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍   လေ့လာသုံးသပ်ရေးကော်မတီ    ပထမ အကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လေ့လာသုံးသပ် ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်း တက်ရောက်ဆွေးနွေး မှာကြားသည်။
ဦးစွာ    ကော်မတီဥက္ကဋ္ဌ    ဒုတိယဝန်ကြီးက နယ်စပ်စစ်ဆေးရေး   စခန်းများကို   တစ်ဖက်နိုင်ငံ နယ်စပ်စစ်ဆေးရေး စခန်းများကဲ့သို့ နယ်စပ်စည်းမျဉ်း နှင့်အနီးဆုံးတွင်  ထားရှိဆောင်ရွက်ခြင်း၊  နယ်စပ် စစ်ဆေးရေးဂိတ်များကို    တစ်ဖက်နိုင်ငံ      နယ်စပ်  စစ်ဆေးရေးစခန်းများနှင့်ကပ်လျက် နယ်စပ်အနီး ဆောင်ရွက်ခြင်းတို့ဖြင့် တင်သွင်း/တင်ပို့မှု၊ လူပုဂ္ဂိုလ် ဝင်ရောက်မှုများ ပိုမိုကြပ်မတ်နိုင်မည့်အပြင် တစ်ဖက် နိုင်ငံနှင့် ကုန်သွယ်မှုစာရင်းမကိုက်ညီမှုများ လျော့နည်း သွားမည်ဖြစ်ခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး လုပ်ငန်းများအား အိမ်နီးချင်းနိုင်ငံများနှင့်  ပိုမို  ပူးပေါင်း     ဆောင်ရွက်နိုင်မည်ဖြစ်ခြင်းတို့ကြောင့်  ကုန်သွယ်ရေးဇုန်/စခန်းများတည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများ ကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးကိစ္စ  နှင့်စပ်လျဉ်း၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင်ကော်မတီက “ကုန်သွယ်ရေးဇုန်/စခန်းများ  တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့် အညီ   တစ်ဖက်နိုင်ငံများကဲ့သို့   နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးအတွက်  ကော်မတီ   တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်”  ဆုံးဖြတ်ခဲ့ပြီး  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ     လေ့လာ   သုံးသပ် အစီရင်ခံရေးကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ် ခဲ့ပါကြောင်း။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ် ရေးစခန်းများအနက်    အချို့မှာ    နယ်စပ်မျဉ်းနှင့် ဝေးကွာပြီး၊ လူနေမြို့ရွာများသို့ ရောက်ရှိဖြတ်သန်း ပြီးမှသာ ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိသဖြင့် မြို့ရွာ များတွင် ကုန်ပစ္စည်းများစုပုံ၍ ရှောင်ကွင်းလမ်းများမှ  တရားမဝင် ကုန်သွယ်မှုများ ပြုလုပ်ရန်အခွင့်အလမ်း များ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင်  နယ်စပ်မျဉ်းနှင့်    ကုန်သွယ်ရေးစခန်းများ  ကြားရှိ မြို့ရွာများတွင်  နေထိုင်သူများသုံးစွဲသည့်  ဒေသသုံး ကုန်စည်များသည် မိမိတို့နိုင်ငံ၏ သွင်းကုန်စာရင်းတွင်  မပါဝင်သည့်  တစ်ဖက်ကုန်သွယ်ဖက်  နိုင်ငံများ၏ ပို့ကုန်စာရင်းနှင့်     ကွဲလွဲခြားနားချက်များ     ရှိနေ ကြောင်းကိုလည်း စိစစ်တွေ့ရှိရကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသဘောတူညီ ချက်များဖြစ်သော  ASEAN  Framework Agree-ment  on the Facilitation of Goods in Transit (AFAFGIT) နှင့် Greater Mekong Sub-Region Cross  Border  Transport  Agreement  (GMS-CBTA) တို့အရ ဆက်လက်ဆောင်ရွက်မည့် ASEAN Customs Transit System (ACTS) များ၊ Single Window Inspection (SWI) နှင့် Single Stop Customs Inspection (SSCI) လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့၏   နယ်စပ်စစ်ဆေးရေး     စခန်းများသည် တစ်ဖက်နိုင်ငံ  နယ်စပ်စစ်ဆေးရေး  စခန်းများကဲ့သို့ နယ်စပ်မျဉ်းနှင့်  အနီးဆုံးတွင်ရှိရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း။
တိုင်းဒေသကြီး / ပြည်နယ်လုပ်ငန်း   ကော်မတီ များအနေဖြင့် လက်ရှိစခန်းများအပေါ် အားသာချက်၊  အားနည်းချက်များ ဖော်ထုတ်ခြင်း၊ သုံးသပ်အကြံပြု ခြင်းတို့ကို ဆောင်ရွက်ပေးပါရန်နှင့် နောက်အနာဂတ် တွင် ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာ၌  နိုင်ငံတကာစံနှုန်း/ လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်    ညီညွတ်ရေး၊    တရားမဝင် ကုန်သွယ်မှု    လျော့နည်းပပျောက်ရေးတို့အတွက် ဆောင်ရွက်သင့်သည့်အချက်များကို သုံးသပ်တင်ပြ ပေးကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ 
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ  သော ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက  သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး  ကော်မတီဥက္ကဋ္ဌက    လိုအပ်သည်များကို   ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။             


သတင်းစဉ်