ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဆန်တင်ပို့မှုများနှင့် စက်သုံးဆီတင်သင်္ဘောများ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  အောက်တိုဘာ  ၂၂ 


ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ      မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  စီးပွား ရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးညွန့်အောင်သည်   ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊       စက်သုံးဆီ တင်သွင်းသိုလှောင်  ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး  ကော်မတီ၊ အကောက်ခွန်ဦးစီးဌာန၊   မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်  မြန်မာ နိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိ သူများနှင့်အတူ     ယနေ့တွင် အမှတ်(၁)    ဆူးလေဆိပ်ကမ်း တံတား၌ ပြည်ပသို့  ဆန်တင်ပို့မှု အခြေအနေများနှင့်   သန်လျင် သီလဝါဆိပ်ကမ်းရှိ   စက်သုံးဆီ တံတားများသို့  ဆိုက်ကပ်ထား သော   စက်သုံးဆီတင်သင်္ဘော များမှ စက်သုံးဆီ Terminal များ သို့ ဆီချလုပ်ငန်းဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။

 


ကုန်သွယ်မှုနှင့်    ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေးလုပ်ငန်းကော်မတီ   ဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့်        အဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် အမှတ်(၁)ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိပြီး ဆိပ်ကမ်းတာဝန်ကျများမှ  ဆိပ် ကမ်းပိုင်းဆိုင်ရာ  အချက်အလက် များ၊  မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ တာဝန်ရှိသူများက ပြည်ပ သို့ဆန်တင်ပို့မှုကို ရှင်းလင်းတင်ပြ ရာ   လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး MV–VTC Ocean တွင်    ဆန်တန်ချိန် ၂၁၃၀၀ ၊ MV-VOLA တွင် ဆန်တန် ချိန် ၂၆၇၅၀ နှင့် MV-AGIA IOANNA  တွင်   ဆန်တန်ချိန် ၃၀၂၅၀  သင်္ဘောများပေါ်သို့   တင် ဆောင်၍ ထွက်ခွာမည့်အခြေအနေ များကို ကြည့်ရှုအားပေးသည်။

 


ယင်းနောက် သန်လျင်သီလဝါဆိပ်ကမ်းသို့ရောက်ရှိပြီး မြန်မာ နိုင်ငံ စက်သုံးဆီ တင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိ သူများက စက်သုံးဆီသင်္ဘောများ ဝင်ရောက်ရန်   စီမံထားရှိမှု၊    ယခု အပတ်        ရုံးပိတ်ရက်ရှည်အတွင်း စက်သုံးဆီဆိုင်များတွင်     စက်သုံး ဆီများ    ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိသည့် အစီအမံ များကို သက်ဆိုင်ရာတာဝန်ရှိသူ များက   ရှင်းလင်းတင်ပြခဲ့မှုများ အပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း       ဆောင်ရွက်ပေးခဲ့ပြီး Regency  ၊  Elite   စက်သုံးဆီ တံတားများ၌ ဆိုက်ကပ်ထားသော ရေယာဉ်များမှ  ဆီချနေမှုများကို လိုက်လံကြည့်ရှု         စစ်ဆေးခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်