
ကသာ ဒီဇင်ဘာ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကသာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းတွင် နိုဝင်ဘာ ၃၀ ရက် ကအဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၂) သင်တန်း ဖွင့်ပွဲ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ကသာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က သင်တန်း သူများအနေဖြင့် သင်တန်း ကျောင်းမှ သင်ကြားပေးသည့် အိမ်တွင်းမှုပညာရပ်များကို တတ် မြောက်ကျွမ်းကျင်ပြီး စက်ချုပ် ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် ကြိုးစားသင်ယူ လေ့လာမှတ်သားကြရန် ပြော ကြားသည်။
ဆက်လက်၍ အိမ်တွင်းမှု သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ကေခိုင်မြင့်ဝင်း က သင်တန်းကျောင်းသမိုင်းနှင့် သင်ကြားမည့်ဘာသာရပ်ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သင်တန်း ဆင်းသွားသည့် သင်တန်းသူများ ၏ လက်ရာများဖြင့် ပြင်ဆင် ထားရှိမှုများကို ကြည့်ရှုသည်။
အဆိုပါ စက်ချုပ်သင်တန်း ကို မတ် ၃၁ ရက်အထိ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ စုစုပေါင်း ၅၀ ရှိကြောင်း သိရသည်။
လူအောင်(ကသာ)