
ဘားအံ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဘားအံမြို့နယ် သိမ်တော်ကြီး-ကမော့ကစင်လမ်း၊ မြေသားလမ်း ၃ ဒသမ ၀၄၁ ကီလိုမီတာအား ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေ ၁၉၉၂ ဒသမ ၃၆၀ သန်းဖြင့် ပြည်နယ်လမ်းဦးစီး ဌာန ရွှေဇေယျာတံခွန်ကုမ္ပဏီနှင့် ထူးမြတ်ဂုဏ်ကုမ္ပဏီတို့မှ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်း ခြင်း၊ RCC Box Culvert များ တည်ဆောက်ခြင်း၊ ကျောက်စီ မြေထိန်းနံရံနှင့် ကျောက်စီ ရေမြောင်း တွဲလျက် တည်ဆောက် ခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်လမ်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးအောင် ညိုနှင့် တာဝန်ရှိသူများက လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန် မှာကြားကာ အဆိုပါလမ်း လုပ်ငန်း ဆောင်ရွက်နေမှုကို ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စုရှိ ရသဝေါ အင်း ကန်ပတ်လမ်း ပေ ၆၅၀၀ ခန့်အား ဖောက်လုပ်နိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍ များအလိုက် မြေပြင်ကွင်းဆင်း တိုင်းတာတွေ့ရှိမှုနှင့် ကန်ပတ်လမ်း ဖောက်လုပ်နိုင်ရေး ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က အများပြည်သူ အေးချမ်းပျော်ရွှင် စွာ အနားယူအပန်းဖြေနိုင်သော နေရာတစ်ခုအဖြစ် ပေါ်ထွန်းလာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ ကန်ပတ်လမ်းဖောက် လုပ်မည့် လျာထားနေရာများ၊ ရသဝေါအင်းတမံနှင့် ရေတံခါးတို့ ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင် ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း အတွက် သင်တန်းထူးချွန်သူများ အား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲနှင့် ထုတ်ကုန်ပစ္စည်းပြပွဲ ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီးမတည် ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း ထူထောင်နိုင်ရန်အတွက် သတ်မှတ် ချက်နှင့်ပြည့်စုံသော ထူးချွန် သင်တန်းသား ၂၀ ကို ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများကို စီမံကိန်းလက်စွဲစာစောင်နှင့်အညီအသုံးပြုနိုင်ရေး ပေးအပ်သွားမည် ဖြစ်သည့်အတွက် လက်ခံရရှိပြီး သည့်အခါ အသေးစားကုန်ထုတ် လုပ်ငန်းများကို မဖြစ်မနေ ထူထောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက အခြေခံစက်ချုပ် သင်တန်း၊ စားသောက်ကုန် ထုတ်လုပ်မှုသင်တန်း၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများ ပြုပြင်ခြင်း သင်တန်းတို့မှ ထူးချွန်သင်တန်း သား၊ သင်တန်းသူများကို ၎င်းတို့ နှင့် သက်ဆိုင်သည့် လုပ်ငန်းသုံး ပစ္စည်းများ ရင်းနှီးမတည် ပေးအပ် ခဲ့ကြပြီး သင်တန်းသား၊ သင်တန်း သူများ၏ ထုတ်ကုန်ပစ္စည်းများ ကို ကြည့်ရှုအားပေးကြသည်။
ယနေ့ ရင်းနှီးမတည်ပေးအပ် ပွဲတွင် စက်ချုပ်နည်းပညာသင်တန်း တစ်ခုအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းနှစ်ခုအတွက် စားသောက် ကုန်ထုတ်လုပ်သည့် ဆက်စပ် ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း များ ပြုပြင်နည်းသင်တန်းတစ်ခု အတွက် လျှပ်စစ်ပစ္စည်းပြုပြင် သည့် ဆက်စပ်ပစ္စည်းများ စသည် ဖြင့် သင်တန်းတစ်ခုလျှင် ထူးချွန် သင်တန်းသား ငါးဦးအား ရွေးချယ် ၍ ငွေကျပ် သိန်း ၅၀ စီခန့် တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီး မတည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)