
ဘားအံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံ ဂေါက်ကလပ်၌ ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီး ရိုက်ပြိုင်ပွဲသို့ တက်ရောက်ပြီး ဂေါက်သီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံ မြို့နယ် ကော့မရမ်းကျေးရွာ၌ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လပတ်ဘတ်ဂျက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီး သော ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ အမြင့်တင် ရေစင်ဆောက်လုပ်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံ မြို့နယ် ကော့ဒါန်းမယ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ မြစိမ်း ရောင်ချေးငွေ (အရင်းမပျောက်မတည်ရန်ပုံငွေဖြင့်)ဆောင်ရွက်သော လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ ကော်မတီဝင်များက ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ဒါန်းမယ်ကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်း၊ နွားမွေးမြူရေးလုပ်ငန်းနှင့် အတိုးရငွေဖြင့် ကျေးရွာခန်းမ တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လ ပတ်ဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ် ထုံးအိုင်-ကော့သံခါ ကျေးရွာ ကုန်ထုတ်လမ်း ၁ မိုင် ၂ ဖာလုံအား ၁၆ ပေ အကျယ်၊ တစ်ပေခွဲ ဂဝံခင်းခြင်းနှင့် BOX Culvest (၂၂ ပေ x ၅ပေ x ၅ပေ) ဆောင်ရွက်ခြင်းလုပ်ငန်းကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် မိန်းမလှကျွန်း-ကော့သံခါလမ်းပိုင်းတွင် ဒေသထွက်ကုန်စားဖိုဆောင်သီးနှံများအား ဈေးကွက် သို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြ သည့် တောင်သူများနှင့်တွေ့ဆုံ၍ ယခုနှစ်သီးနှံထွက်ရှိ မှု၊ ဈေးကွက်ဝယ်လိုအားနှင့် တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့် အခြေအနေများကို မေးမြန်း ဆွေးနွေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက် လပတ်ဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် ဘားအံမြို့နယ် မိန်းမလှကျွန်း-ကော့သံခါ ကျေးရွာ ကုန်ထုတ်လမ်း ၃ မိုင် ဂဝံခင်းခြင်းလုပ်ငန်း နှင့် တောကြီးကျေးရွာတွင် ဘားအံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP စီမံကိန်း ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်း (ပေ ၈၅၀ x ၁၂ပေ x ၆လက်မ ) တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)