
ဘားအံ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက် မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံ မှုအစီအစဉ်များ ဦးစားပေး အလိုက်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ပြည်နယ်အဆင့် ဌာန/ အဖွဲ့အစည်းများက ရေးဆွဲ အဆိုပြုခဲ့ပြီး ပြည်နယ်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်နယ်၏ ဦးစားပေး မူဝါဒများအပေါ်မူတည် ၍ လမ်းညွှန်ချက်များနှင့် ကိုက်ညီ မှုရှိစေရေး စိစစ်သွားမည်ဖြစ် ကြောင်း၊ ပြည်နယ်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး၊ MSME စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ကာ ပြည်သူ့ အတွက် အရေးတကြီးလိုအပ် သည့်အသုံးစရိတ်များ၊ နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရန် အထောက်အကူ ပြုသည့် အသုံးစရိတ်များနှင့် ပြည်နယ်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည့် လုပ်ငန်း စီမံကိန်းများကို ဦးစားပေးအနေ ဖြင့် ထည့်သွင်းလျာထားရန်လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင် မြင့်က အဆိုပြု တင်ပြထား သည့် လုပ်ငန်းစီမံကိန်းများသည် ပြည်နယ်၏ ဒေသန္တရစီမံကိန်းနှင့် ဒေသန္တရ ငါးနှစ်စီမံကိန်းလုပ်ငန်း စဉ်များကို အထောက်အကူပြုပြီး စီမံကိန်းကာလအတွင်း ဖြစ်နိုင် စွမ်းရှိသည့် လုပ်ငန်းများကိုသာ ဦးစားပေး ထည့်သွင်းလျာထား ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စီမံ ကိန်းမှူး ဦးချစ်ဝေက ပြည်နယ် အဆင့်ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း လျာထားပြည်နယ် ဘဏ္ဍာရန်ပုံငွေကျပ် ၁၉၉၃၈၀ ဒသမ ၃၁၂ သန်းဖြင့် ဆောင်ရွက် မည့် အဆိုပြုချက် (အကျဉ်းချုပ်)ကို ရှင်းလင်းတင်ပြပြီး ပြည်နယ် အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ဌာနများအလိုက် လုပ်ငန်းစီမံကိန်း အဆိုပြုချက် များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)