ကရင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့များအား ဆန်အိတ်များထောက်ပံ့

 

ဘားအံ    မတ်   ၂၃


ကရင်ပြည်နယ်   အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေး အဖွဲ့များအား     ဆန်ထောက်ပံ့ ပေးအပ်သည့်     အခမ်းအနားကို မတ် ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်    အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပ သည်။

 


အခမ်းအနားတွင်            ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က   ကရင်ပြည်နယ်  အစိုးရအဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများ   စားဝတ်နေရေးနှင့် သက်သာ    ချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွားရေး        လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးခြင်း များ      ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

 


ထို့နောက်    ကရင်ပြည်နယ် ဝန်ကြီးချုပ်က    ကရင်အမျိုးသား အစည်းအရုံး/ကရင်   အမျိုးသား လွတ်မြောက်ရေး     တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)   အဖွဲ့အား  လည်း ကောင်း၊      အရှေ့တောင်တိုင်း စစ်ဌာနချုပ်       ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်   ဇော်မင်းအောင်က  ဒီမိုကရေစီ     အကျိုးပြုကရင် တပ်မတော်  (DKBA)   အဖွဲ့အား လည်းကောင်း  စုစုပေါင်းငွေကျပ် ၆၇၃၈၀၀၀  တန်ဖိုးရှိ  ဆန်အိတ် ၂၃၂ အိတ်ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)