ကရင်ပြည်နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  ဇန်နဝါရီ  ၁၉


ကရင်ပြည်နယ် မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ဝင် ၄၃ ဦး၊ အုပ်ချုပ်သူ ငါးဦး စုစုပေါင်း ၄၈  ဦးတို့ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ်   ဝတ္ထုကံတော်တွင်  တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ    ထိုင်တော်မူ    ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။


  ဦးစွာ   ရှင်းလင်းဆောင်၌  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါ ပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား  လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ   အသုံးပြု၍  ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ    ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို   ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။


  ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ်ပွား တော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေး အတွက်    စီစဉ်ဆောင်ရွက်ပေးမှုများနှင့်   ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ယင်းနောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိ လိုသည်များကို    မေးမြန်းကြရာ   တာဝန်ရှိသူများက   အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။


ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း ကြသည်။(အပေါ်ဝဲပုံ) ဆက်လက်၍    ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များ သည်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍  တည်ဆောက်ထားသည့်  ဂန္ဓကုဋိ၊    မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်       ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်       ပြသထားမှု၊   မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံ များကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။


ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ     ရဟန်းရှင်လူ  ဘုရားဖူးပြည်သူများ   လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။


ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ရသည် -


ဦးအောင်သူဝင်း(ဒုတိယညွှန်ကြားရေးမှူး ကရင်ပြည်နယ်သာသနာရေး)


မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ဖို့အတွက် ကရင်ပြည်နယ် မှ ဂေါပကအဖွဲ့တွေကို စုစည်းပြီး စုစုပေါင်း ၄၈  ဦး လာရောက်ခဲ့တာပါ။ အခုလို့ လာရောက်ရတာကတော့ အမျိုးသားရေးစိတ်ဓာက် ပိုမိုနိုးကြား တက်ကြွစေရန်၊ လက်မှုလက်ရာတွေဖြစ်တဲ့ မြန်မာယဉ်ကျေးမှု လက်ရာ တွေကို လေ့လာနိုင်စေဖို့ရည်ရွယ်ပြီး လာရောက်ခဲ့တာပါ။ ကျွန်တော့် အနေနဲ့  ပထမဆုံးလာရောက်ဖူးမြော်ရတာပါ။ အချိန်တိုအတွင်းမှာ စကျင်ကျောက်တုံးကြီးကို  ကမ္ဘာ့အကြီးဆုံး၊   ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်ကြီးကို ခေတ်မီနည်းပညာတွေနဲ့ ရှေးမူမပျက် ထုဆစ်ပုံဖော် ထားတာတွေ့ရတော့ သာသနာအတွက် ဂုဏ်ယူမိတဲ့အပြင် ဆောင်ရွက် လုပ်ဆောင်နိုင်အောင် လမ်းညွှန်စီစဉ်ဆောင်ရွက်ပေးသူတွေအားလုံးကိုလည်း လေးစားမိပါတယ်။ အခုလို  ခရီးစဉ်ကို မကြာခဏဆိုသလိုစီစဉ်ဆောင်ရွက်ပေးနိုင်ရင် ကောင်းပါတယ်။ အခုဆိုရင် ဂေါပကတွေက အကုန်နီးပါး အသက် ၇၀ကျော်တွေက များပါတယ်။ ဒီကို ရောက်ရှိဖို့ ဆိုတာကလည်း တစ်ခါမှ  မစဉ်းစားမိခဲ့ပါဘူး။  အားလုံးက ကြည်နူး ဝမ်းသာမိကြပါတယ်။ စီစဉ်ဆောင်ရွက်ပေးသူတွေကိုလည်း သူတို့ ကိုယ်စား အများကြီးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။


ဦးရဲထွန်း(ရွှေမြင်းဝန်စေတီ ဂေါပကအတွင်းရေးမှူး)


မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ချင်နေတာကြာပါပြီ။ တီဗွီ မှာတော့ တွေ့မြင်ခဲ့ရပါတယ်။ ကိုယ်တိုင်ရောက်ရှိတော့မှပဲ ဒီလောက် ထိအောင်   အမျိုးဘာသာ သာသနာအတွက်   ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားတာတွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီနေရာ ကိုရောက်ရှိဖို့အတွက် ဆောင်ရွက်ပေးတဲ့ မြဝတီမြို့နယ် အကြီးအကဲတွေ နဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အခု လက်တွေ့ကတော့    တီဗွီမှာကြည့်ရတာထက်    အဆပေါင်းများစွာ တည်ဆောက်မှု၊ ခမ်းနားမှု၊ တင့်တယ်မှု၊ အနုပညာလက်ရာကောင်းမှုတွေ ကို မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့အတွက် ကျွန်တော့်သက်တမ်းမှာ ဒါမျိုးမကြုံဖူးခဲ့ပါဘူး။   ကမ္ဘာကတောင်  အသိအမှတ်ပြုပြီး   အမျိုး ဘာသာ သာသနာအတွက် ဂုဏ်ယူလောက်အောင်ဖြစ်မိတဲ့အပြင် အခု ပြောရင်းနဲ့ပင် ဝမ်းသာဂုဏ်ယူ ပီတိဖြစ်မိပါတယ်။


ဦးစောအုန်းတင်(စေတီသုံးဆူညီနောင် ဂေါပကအတွင်းရေးမှူး)


စေတီသုံးဆူညီနောင်ကတော့ ရှေးဟောင်းသမိုင်းဝင် စေတီတော်တွေ ဖြစ်တဲ့အတွက် ခေတ်အဆက်ဆက်က ဆရာတော်ကြီးတွေ၊ ဂေါပက အဖွဲ့တွေကနေ ထိန်းသိမ်းခဲ့တာပါ။ အခုဆို မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်လေ့လာရတဲ့အတွက်   ခေတ်မီနည်းပညာတွေနဲ့ တည်ဆောက်မှုလုပ်ငန်း၊ ထိန်းသိမ်းဆောင်ရွက်နေမှုတွေကို တွေ့ရတော့ အတုယူဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ တွေ၊ ဂေါပကရုံးတွေ စသည်အားဖြင့် စနစ်တကျပြန်လည်ဖွဲ့စည်းပြီးဆောင်ရွက်သွားမှာပါ။ လာရောက်ဖူးမြော်ချင်နေတာတော့ ကြာပါပြီ။ အခွင့်အရေးလည်းမသင့်၊   အကြောင်းလည်း  မတိုက်ဆိုင်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ကနေ     စနစ်တကျ   စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။


ဦးစောစံတင်(ဂေါပကအဖွဲ့)


နိုင်ငံတော်ရဲ့    စီမံလမ်းညွှန်မှုနဲ့   ပြည်နယ်အစိုးရအကြီးအကဲတွေရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ မာရဝိဇယဘုရားကြီးကို အခုလိုလာရောက် ဖူးမြော်ခွင့်ရတဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်။ လာရောက်ရမယ် လို့လည်း မျှော်လင့်မထားခဲ့ပါဘူး။ စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ တွေကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ အခုလို မာရဝိဇယဘုရားကြီး ကို ထုဆစ်ပုံဖော်မှု အနုပညာလက်ရာတွေ၊ ရှေးမူမပျက်တည်ဆောက် ထားမှုတွေကတော့   အခုခေတ်နဲ့ရှေးမူမပျက်  ပေါင်းစပ်ပုံဖော်မှုတွေက ကမ္ဘာကပင် အတုယူလေးစားလောက်တဲ့ လက်ရာတွေပါ။ ဒါကလည်း အများအားနဲ့ စုပေါင်းလှူဒါန်းပေမယ့်လည်း နိုင်ငံတော်ရဲ့စီမံဆောင်ရွက် မှုတွေက အဓိကကျလှပါတယ်။ လေးစားအတုယူစရာကောင်းလှပါတယ် လို့ပဲ ပြောချင်ပါတယ်။


ဦးလှကြိုင်(ရွှေရင်မျှော်ဘုရား ဂေါပကအတွင်းရေးမှူး)


လာချင်နေတာတော့ကြာပါပြီ။ ပြည်နယ်အစိုးရရဲ့ စီစဉ်ဆောင်ရွက် ပေးမှုကြောင့် ဖူးမြော်ရတာ အများကြီးဝမ်းသာပါတယ်။ အခုလို လာရောက် ရတဲ့အတွက် ဘုရားလည်းဖူး၊ အတုယူစရာတွေလည်း အများကြီးတွေ့ရ ပါတယ်။ အခုဆို ကျွန်တော်တို့ မြို့ကျက်သရေဆောင် ရွှေရင်မျှော်ဘုရား ကြီးကို   ဘယ်လိုရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတာကို  သိရပါတယ်။   ခရီးစဉ်ကို     စီစဉ်ဆောင်ရွက်ပေးတဲ့    နိုင်ငံတော်အကြီးအကဲတွေကို  အထူးကျေးဇူးတင်ပါတယ်။


ဦးလှဌေး(ကျောက်ကလပ်ဘုရား ဂေါပက)


ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဆောင်ရွက်ပေးမှုနဲ့အတူ မာရဝိဇယ ဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ရရှိတာပါ။ ပြည်နယ်နဲ့တိုင်းဒေသ ကြီးက ဂေါပကအဖွဲ့တွေလည်း အလှည့်ကျ လာရောက်ဖူးမြော်ကြတာ တွေကို   တီဗွီသတင်းမှာကြည့်ပြီး  လာရောက်ဖူးမြော်ချင်နေတာပါ။  ကိုယ်တိုင်ကိုယ်ကျ လာရောက်ရတဲ့အတွက် တွေ့မြင်ရတဲ့  မြင်ကွင်းက ကြည်နူးမိတဲ့အပြင် တည်ဆောက်ထားတဲ့သူတွေအားလုံးကိုလည်း လေးစားမိပါတယ်။ နိုင်ငံတိုင်းမှာ မိမိတို့  ကိုးကွယ်ယုံကြည်ရာတွေ အမျိုးမျိုးရှိကြပါတယ်။  မြန်မာလူမျိုးတို့အတွက်ကတော့  မိမိကိုးကွယ် ရာ၊ ယုံကြည်ရာ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို စကျင်ကျောက်နဲ့   ထုဆစ်ပုံဖော်တည်ဆောက်ပြီး   ကမ္ဘာ့အကြီးဆုံး  ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို   အချိန်တို၊ ကာလတိုအတွင်းမှာ  တည်ဆောက်နိုင်ခဲ့တာက  ကမ္ဘာကပင် လေးစားဂုဏ်ယူလောက်ပါတယ်။
                                                                                                       

သတင်းစဉ်