
ဘားအံ စက်တင်ဘာ ၂၄
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပ သည်။
ရှေးဦးစွာ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးနိုင်ဝင်းတိုးက Top Form(Myanmar)Co.Ltd ၏ ဘားအံစက်မှုဇုန်တွင် ဆောင်ရွက် မည့် CMP လုပ်ငန်းအား မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ခွင့်ပြုမိန့်လျှောက်ထားလွှာ တင်ပြ ထားခြင်းကို ခေတ္တဆိုင်းငံ့ခွင့်ပြု ရန်နှင့် မြေငှားရမ်းစာချုပ်အချိန်မီ မှတ်ပုံတင်ရန်ကိစ္စ၊ ပြည်နယ် အတွင်း ဆောင်ရွက်မည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို စိစစ် ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများနှင့် ကရင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ၏ Standard Operation Procedure ကိုလည်းကောင်း၊ ပြည်နယ်အတွင်း ခွင့်ပြုရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၏ လက် တလောအခြေအနေနှင့် ကိုဗစ်- ၁၉ ချေးငွေဆိုင်ရာကိစ္စရပ်များ အား ရှင်းလင်းတင်ပြကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဝန်ကြီးများသည် မွေးမြူ ရေးလုပ်ငန်းများ တိုးမြှင့်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဘားအံစက်မှုဇုန်အနီး မွေးမြူရေး ဇုန် ဖော်ထုတ်နေမှုအား သွား ရောက်ကြည့်ရှုစစ်ဆေးရာ ဌာန ဆိုင်ရာတာဝန်ရှိသူများက ဇုန် ဖော်ထုတ်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကြောင်း သတင်းရရှိ သည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)