ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

 

ပြည်   မေ    ၃၀
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ကွန်ပျူတာတက္ကသိုလ် (ပြည်)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးသည်။
အခမ်းအနားတွင်        ကွန်ပျူတာတက္ကသိုလ် (ပြည်)ပါမောက္ခချုပ် ဒေါက်တာယုဇနက ကျောင်းသား ကျောင်းသူ များအား နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအား အရင်းအမြစ်သည် အလွန်အရေးကြီးပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည်မှာ ပညာ ရေးမဏ္ဍိုင်ဖြစ်ကြောင်း  စသည်ဖြင့် ပြောကြားပြီး ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် ကွန်ပျူတာတက္ကသိုလ် (ပြည်)မှ ဘွဲ့ရရှိသူကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၂ ဦးတို့အားဘွဲ့လက်မှတ်နှင့်အဆောင်ယောင်များ အပ်နှင်းချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။                              ခရိုင်ပြန်/ဆက်)