
ရန်ကုန် ဧပြီ ၉
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး၊ တလိုင်းပိုင်း၊ ငါးကြော်ဖို၊ အိုးဘို (ဈေးကြီးအရှေ့/အနောက်၊ အိုးဘို) လုံးဆိုင်ရာ (၇၃) ကြိမ် မြောက် သက်ကြီးဝါကြီးပူဇော်ပွဲကို ဧပြီ ၉ ရက် နံနက် ၉ နာရီက ကျောင်းကြီးတိုက် ငါးဆူကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ ပူဇော်ပွဲနာယက ဦးကာစီ၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးသန်း လွင်တို့က အမှာစကားပြောကြား ကြပြီး အတွင်းရေးမှူး ဦးအုန်းမြင့် က လှူဒါန်းမှုအတွက် ငွေစာရင်း ရှင်းတမ်းဖတ်ကြားသည်။
ယခုနှစ်တွင် အသက် ၇၀ နှင့် အထက် အဘိုး အဘွား ၆၄၂ ဦး တို့အား တစ်ဦးလျှင် ငွေကျပ် ၄၅၅၀၀ စီဖြင့် အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခြင်း ဖြစ်သည်။
ထို့အပြင် အသက် ၁၀၀ ပြည့် နှစ်ဦးနှင့် ဂိလာနဘိုးဘွားများသို့ ထပ်မံ ထောက်ပံ့ကန်တော့ခြင်း အပါအဝင် စုစုပေါင်း ငွေကျပ် ၃၂၅၆၀၀၀၀ ဖြစ်ကြောင်း သိရ သည်။
လှူဒါန်းမှု အစုစုအတွက် ကျောင်းကြီးတိုက်ငါးဆူ ကျောင်း ဆရာတော် ဘဒ္ဒန္တဇဝနထံမှ ရေစက်ချ တရားနာယူခဲ့ကြပြီး အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့နိုင်ရန်အတွက် လမ်း ကော်မတီများထံသို့ ကန်တော့ငွေ များ ပေးအပ်သည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)