ကံမမြို့နယ် ထောက်မကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ပြီးစီး

 

ကံမ    မတ်   ၁၇


မကွေးတိုင်းဒေသကြီး      ကံမ မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်  ခြောက်လတာ ကာလတွင် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ထောက်မကျေးရွာ၌ သောက်သုံးရေ   ဖူလုံစွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စနစ်ဖြင့် မြစ်ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

 


ထောက်မကျေးရွာ သောက် သုံးရေ   ဖူလုံစွာရရှိရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ တာကာလတွင်   ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ်  ၇ ဒသမ ၅ သန်းဖြင့် ပွန်တွန်းတည်ဆောက် ခြင်း၊ ဆိုလာ နှစ်ကီလိုဝပ်တပ်ဆင် ခြင်း၊ မြင်းကောင်ရေ နှစ်ကောင်ရှိ ရေတင်ပန့်တပ်ဆင်ခြင်းလုပ်ငန်း များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း အားလုံး   ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကံမ မြို့နယ်ကျေးလက်ဒေသ  ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်မြသီတာထွေးထံမှ     သိရ သည်။

 


အဆိုပါ        နေရောင်ခြည် စွမ်းအင်သုံး      ဆိုလာစနစ်ဖြင့် မြစ်ရေတင်ခြင်းလုပ်ငန်းအားလုံးဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ရှိ အိမ်ခြေ ၁၇၂ အိမ်၊ လူဦးရေ ၆၄၂ ဦးနှင့်    ကျွဲ၊   နွားတိရစ္ဆာန်များ အတွက် လာမည့်နွေရာသီကာလ သောက်သုံးရေ      အခက်အခဲ များ     အဆင်ပြေနိုင်မည်ဖြစ် ကြောင်း သိရသည်။


ကိုလှိုင်(ကျေးလက်)