
နေပြည်တော် ဩဂုတ် ၁၅
ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (Volunteer) များနှင့် ဒေသခံပြည်သူများ စားရေးအဆင် ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ ကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ရှိ နယ်မြေ ခံတပ်မတော်ဆေးရုံနှင့် ပြည်သူ့ ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအတွက် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့ ပြည်သူ့ ဆေးရုံနှင့် အဆိုပါဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ် ငါးသိန်း၊ Oxygen Concentrator နှစ်လုံး၊ PPE ဝတ်စုံ ၃၀၀၊ Goggies ၅၀၊ Sur-gical Mask ၂၅၀၀၊ တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် စားသောက် ဖွယ်ရာများနှင့် ကျိုက်လတ်မြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၁၈၀ တို့အတွက် ဆန်အိတ်များကို လည်းကောင်း၊ ရခိုင်ပြည်နယ် အမ်းမြို့နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ ပြည်သူ အိမ်ထောင်စု ၁၂၀ တို့ အတွက် ဆန်၊ ဆီနှင့် စားသောက် ကုန်ပစ္စည်းများကို လည်း ကောင်း သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် စေတနာရှင် အလှူရှင်များက ထောက်ပံ့ပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်