
နေပြည်တော် နိုဝင်ဘာ ၂၅
ကျန်းမာရေးဝန်ကြီးဌာန ကုသ ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ရှေးဦး အသက်ကယ်ပြုစုခြင်း သင်တန်း (First Responder Course) ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်က နေပြည်တော် ပြည်သူ့ဆေးရုံ ဇမ္ဗူသီရိမြို့ ဆေးရုံ ဝင်းအတွင်းရှိ အရေးပေါ်အသက် ကယ်သင်တန်းဌာန၌ ကျင်းပ သည်။
သင်တန်းသို့ ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ လူနာ တင်ယာဉ်စခန်း ၁၀ ခုမှ လူနာတင် ယာဉ်ဖြင့် လိုက်ပါသည့် ဝန်ထမ်း များ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ စေတနာ့ဝန်ထမ်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက် ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အရေးပေါ် ကုသမှုဆေးပညာဌာန မှ ပါမောက္ခ/အထူးကု ဆရာဝန် ကြီးများ ဦးဆောင်၍ အရေးပေါ် ကုသမှု ဆေးပညာရပ်ဆိုင်ရာ အထူးကု ဆရာဝန်များ၊ သူနာပြု များက သင်ကြားပို့ချပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း ဆရာဝန်၊ သူနာပြုများအတွက် အရေးပေါ် ကုသမှုဆိုင်ရာ သင်တန်းနှစ်ကြိမ် နှင့် အထောက်အကူပြုဝန်ထမ်း များအတွက် သင်တန်းတစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်