
နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တုံ့ပြန်ရေးလုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းကို အွန်လိုင်းစနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဘာသာရပ် ဆိုင်ရာသင်တန်းနည်းပြများ၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် များမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ Virtual ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြို့နယ် အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး များက ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သော စက်သုံး ဆီ၊ စားစရိတ်၊ ကျန်းမာရေး အကာအကွယ်သုံး ပစ္စည်းများကို နိုင်ငံတော်မှ ပံ့ပိုးပေးသွားရန် ဖြစ်ပါကြောင်း။
စုစည်းပြင်ဆင်ထား
ယခုသင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တိကျသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် နိုင်ရေးနှင့် ပိုးတွေ့လူနာများ၊ သံသယလူနာများ၊ ထိစပ်သူများနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက် ရာတွင် သိရှိလိုက်နာရန်အချက်များကို စုစည်း ပြင်ဆင်ထားပြီး သင်တန်းဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း။
ပို့ချဆွေးနွေးသွားမည်
ယနေ့သင်တန်းတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်သော သိသင့်သည့်အချက် များ၊ ကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းများ အပါအဝင် ပြောဆိုဆက်သွယ်ခြင်းဆိုင်ရာ စွမ်းရည်၊ နှစ်သိမ့်ဆွေးနွေးကူညီပေးခြင်းဆိုင်ရာ နည်းလမ်း များ၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ စသည့် အုပ်စုအလိုက် ကူညီ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော လိုက်နာရန် များ၊ ရှောင်ရန် ဆောင်ရန်များကို ပို့ချဆွေးနွေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အပြန်အလှန်ဆွေးနွေး
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူများက ဘာသာရပ်များကို ရှင်းလင်းပို့ချခြင်း၊ စေတနာ့ဝန်ထမ်းများနှင့် အပြန် အလှန်ဆွေးနွေးခြင်း၊ အသိပညာမျှဝေခြင်းများ ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်