ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကြေညာချက်တွေ၊ လူစုလူဝေးရှောင်ဖို့၊ အပြင်မထွက်ကြဖို့ လိုက်နာမယ်ဆိုရင် ကူးစက်မှုနှုန်း ကျဆင်းလာပြီး ပြန့်ပွားမှုနှုန်းတွေလည်း နည်းပါးလာမှာပဲဖြစ်

ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍    စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို     မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး    ဒေါက်တာ သန်းဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။ 

 


မေး    ။    ။    ဘီးလင်းမြို့နယ်မှာ ကိုဗစ်-            ၁၉ ရောဂါပိုးရှိသူနဲ့ ပိုးရှိသူနဲ့ ထိတွေ့ထားသူတွေကို   ဘယ်လိုဆောင် ရွက်ပေးနေလဲဆိုတာ သိပါရစေ။
ဖြေ    ။    ။    မြို့နယ်မှာ ကိုဗစ်-၁၉ စစ်ဆေး            လို့ Positive တွေ့ရင်  ဆေးရုံ မှာ သီးသန့်ထားထားပါတယ်။ ပိုးရှိသူနဲ့ ထိတွေ့တဲ့သူတွေကိုလည်း      စမ်းသပ် စစ်ဆေးမှု ပြုလုပ်ပေးပါတယ်။


မေး    ။    ။    ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ            တွေထားရှိဖို့အတွက်  ဘယ်လို  စီစဉ်ဆောင်ရွက်ထားရှိပါသလဲ ။ 
ဖြေ    ။    ။    တိုးချဲ့ဆောင်မှာ လူနာ ၄၀ စာ             ရည်မှန်း       ထားပါတယ်။ Positive   တွေ့တဲ့   လူနာများလာတဲ့ အတွက် နောက်တစ်ဆောင်မှာတော့  ၆၀ စာ လျာထားပါတယ်။ လောလောဆယ် ဘီးလင်းမြို့နယ်    ပြည်သူ့ဆေးရုံမှာ ပိုးတွေ့လူနာ  ၁၀၀  စာအတွက် စီစဉ် ထားရှိပါတယ်။   ဇုတ်သုတ်တိုက်နယ် ဆေးရုံမှာလည်း    လူ   ၂၀  စာအတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။

 


မေး    ။    ။    ကိုဗစ်-၁၉ရောဂါလျော့နည်း            ကျဆင်းစေရေး        အတွက် ပြည်သူများအနေဖြင့်      ဆောင်ရန်၊    ရှောင်ရန်   အချက်လေးတွေကိုလည်း အသိပညာပေး  ပြောပြပေးစေလိုပါတယ်။ 
ဖြေ    ။    ။    ကျန်းမာရေးနှင့်    အားကစား            ဝန်ကြီးဌာနနဲ့   အာဏာပိုင် အဖွဲ့အစည်းများက ကန့်သတ်ထားတဲ့ အမိန့်တွေ၊ ကြေညာချက်တွေကို လိုက်နာ ရပါမယ်။ အဓိကအားဖြင့် နှာခေါင်းစည်း (Mask) တပ်တာတို့၊ လက်ကိုဆပ်ပြာနဲ့ မကြာမကြာဆေးတာတို့၊   လူစုလူဝေး ရှောင်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ ခရီးသွားလာတာမလုပ်ကြဖို့ပါ။ အဲဒီလို လိုက်နာမယ်ဆိုရင် ကူးစက်မှုနှုန်းကျဆင်း လာပြီး ပြန့်ပွားမှုနှုန်းတွေလည်း နည်းပါး လာမှာပဲ ဖြစ်ပါတယ်။


ထူးနောင်( ပြန်/ဆက်)