ကျန်းမာရေးအတွက် နေကြာဆီ

Type

 

ကိုရင်အောင်မိုး(MOALI)

 

လူတို့    နေ့စဉ်     ကြော်ချက်စားသုံးနေကြသည့် စားသုံးဆီကို ဆီထွက်သီးနှံမျိုးစုံမှ ထုတ်ယူအသုံး ပြုလျက်ရှိနေကြပြီး မြန်မာနိုင်ငံတွင် မြေပဲဆီကို နှစ်သက်စွာ   စားသုံးနေကြသော်လည်း   အခြေခံ လူတန်းစားများမှာ     ဈေးနှုန်းသက်သာသည့် စားအုန်းဆီအပါအဝင်   ရောနှောဆီများကိုသာ အားပြုစားသုံးနေကြလျက်ရှိသည်။ 

 


ဈေးနှုန်းလည်း သင့်တင့် အာဟာရဓာတ်လည်း ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးနိုင်သည့်နေကြာဆီကို ကမ္ဘာ့နိုင်ငံများတွင် ရွေးချယ်စားသုံးလျက်ရှိနေသဖြင့်     နေကြာဆီ ဈေးကွက်မှာ နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ် နေလျက်ရှိနေသည်။

 


နေကြာတွင် ကျန်းမာရေးအတွက် လိုအပ်သည့်  ဒြပ်စင်များဖြစ်သော ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ဆယ်လီနီယမ်၊  မဂ္ဂနီဆီယမ်  စသည့်  ဒြပ်စင်များ ပါဝင်ပါသည်။ 


နေကြာတွင် ပါဝင်သည့် အာဟာရတန်ဖိုး
စုစုပေါင်းကယ်လိုရီ    ၅၈၄ 
ပရိုတင်း    ၂၀.၈ ဂရမ်
အဆီ    ၀.၄  ဂရမ်
ကာဘိုဟိုက်ဒြိတ်    ၂၀  ဂရမ်

မြန်မာနိုင်ငံအနေဖြင့်လည်း   စားအုန်းဆီနှင့် ဈေးနှုန်းချင်း များစွာကွာခြားမှုမရှိသည့် နေကြာဆီ ကို ပြောင်းလဲစားသုံးကြမည်ဆိုပါက ကျန်းမာရေး အတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်သည်။

 


နေကြာဆီစားသုံးခြင်းဖြင့် နှလုံးကျန်းမာရေး ကို တိုးတက်ကောင်းမွန်စေခြင်း၊ အဆစ်ရောင်ရမ်းမှု ကို    လျော့ကျစေခြင်း၊   ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာရောဂါများကို ကာကွယ်ပေးခြင်း၊ ခုခံအား စနစ်  တိုးတက်စေခြင်း၊  အစာခြေမှု  တိုးတက် ကောင်းမွန်စေပြီး အသားရေထိန်းသိမ်းကောင်းမွန် စေခြင်း၊ ဆံပင်အရည်အသွေး တိုးတက်ကောင်းမွန် စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချမှုကို အထောက် အကူပြုခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေ နိုင်ကြောင်း အစားအစာသုတေသနပညာရှင်များက အကြံပြုထားသည်။

 


နေကြာသီးနှံစိုက်ပျိုးရာတွင် အထွက်ကောင်း မျိုးများဖြစ်ကြသည့်   စပ်မျိုးနေကြာ၊  ရေဆင်း စပ်မျိုး-၁၊ မြန်မာနိုင်ငံ မျိုးစေ့ကော်မတီက အတည် ပြုထားသော နိုင်ငံခြားစပ်မျိုးများနှင့် OPV မျိုး (မျိုးခံနိုင်သောမျိုး)  ဖြစ်သည့်   ဆင်းရွှေကြာ- ၂ မျိုးများကို စိုက်ပျိုးလေ့ရှိကြသည်။

 


နေကြာသီးနှံမှာ မြန်မာနိုင်ငံ ဒေသအနှံ့အပြား တွင်   စိုက်ပျိုးဖြစ်ထွန်းသည့်   သီးနှံဖြစ်သကဲ့သို့ အခြားဆီထွက်သီးနှံများထက်  အရင်းအနှီးစရိတ်  သက်သာခြင်း၊  စိုက်ပျိုးထုတ်လုပ်မှု လွယ်ကူခြင်း၊ သီးထပ်သီးနှံ ကြားသီးနှံများအဖြစ် စိုက်ပျိုးနိုင် ခြင်း၊  စပါးရိတ်သိမ်းပြီးချိန်၊   မိုးသီးနှံ   ရိတ်သိမ်းပြီး ချိန်များမှာ စိုက်ပျိုးနိုင်ခြင်း စသည့်အားသာချက် များအပြင်   စိုက်ပျိုးပြီး  ရက်ပေါင်း ၈၀ မှ ၈၅ ရက်အတွင်း    ဈေးကွက်ဝင်ငွေ   ပေါ်နိုင်သဖြင့် တောင်သူများအတွက်  အကျိုးရှိစေသော  သီးနှံ တစ်မျိုးလည်းဖြစ်သည်။

 


လေ့လာမှုများအရ နေကြာအပါအဝင် ဆီထွက် သီးနှံများ၏  တစ်တင်းဆီထွက်နှုန်းနှင့်  တစ်ဧက ဆီထွက်နှုန်းများ နှိုင်းယှဉ်ကြည့်ပါက ရိုးရိုးနေကြာ တစ်ဧကလျှင် ဆီ ၆၇ ပိဿာသာ ထွက်ရှိသော် လည်း စပ်မျိုးနေကြာစိုက်လျှင် တစ်ဧက ပိဿာ ၁၄၀ ထွက်နိုင်သဖြင့် မြေပဲ၏ဆီထွက်နှုန်းထက် မြင့်မားကြောင်း တွေ့ရသည်။


စဉ်    သီးနှံ    တစ်တင်းမှ
ဆီထွက်
ပိဿာ    တစ်ဧက
ဆီထွက်
ပိဿာ
၁    မြေပဲ    ၂    ၁၁၄
၂    နှမ်း    ၆    ၅၆
၃    နေကြာ    ၂.၅    ၆၇
၄    စပ်မျိုးနေကြာ    ၄-၄.၅    ၁၄၀

ပြည်တွင်း နေကြာဆီဖူလုံစွာ စားသုံးနိုင်ရေး အတွက်   နေကြာစိုက်ပျိုးမှုတိုးမြှင့်နိုင်ရန်   ဌာန ဆိုင်ရာများဘက်က     မျိုးကောင်းမျိုးသန့်နှင့် နည်းပညာ  လိုအပ်ချက်များ  ကူညီပံ့ပိုးပေးခြင်း၊ အဆင့်မြင့်ဆီစက်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင် ရေးအတွက်  ပုဂ္ဂလိကအခန်းကဏ္ဍ  မြှင့်တင်ပေး ခြင်းတို့ကို တစ်ပြိုင်တည်းဆောင်ရွက်ရန်လည်း လိုအပ်လျက်ရှိသည်။
မိုးနေကြာကို မေလ၊ ဇွန်လများတွင်  စတင် စိုက်ပျိုးလေ့ရှိပြီး ဆောင်းနေကြာကို စက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးလေ့ရှိသဖြင့်  မိမိတို့ ဒေသရာသီဥတုအပေါ် ချိန်ဆပြီး စိုက်ပျိုး နိုင်ကြောင်း ရေးသားတင်ပြရပါသည်။          ။