KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ် သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

 

နေပြည်တော် ဒီဇင်ဘာ ၁၃


အကြမ်းဖက်သောင်းကျန်းသူများ သည် ပြည်သူလူလု၏ လူမှုစီးပွား ဘဝထိခိုက်စေရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်အတွက် စစ်ရေးပစ်မှတ်မဟုတ် သည့် နိုင်ငံတော်ပိုင်အဆောက်အဦ များ၊ အရပ်သားများ နေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေး ကျောင်းများ၊ သာသနိကအဆောက် အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင်   ဆက်သွယ် ရေး တာဝါတိုင်များနှင့်    လျှပ်စစ် ဓာတ်အားပေးတာဝါတိုင်များ၊ စက်ရုံ များကို  ဖျက်ဆီးခြင်းများ ပြုလုပ် လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့် တွင် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ သည် မြဝတီမြို့နယ်  သင်္ကန်း ညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံ ကို Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံရှိ 50 MVA Main Transfromer  ၏ Generator Circuit  Breaker ၊ အအေးခံကိရိယာနှင့်    ကြွေသီး နှစ်လုံး၊ 20 MVA Main Transfromer ၏ အအေးခံကိရိယာများ   ဗုံးစ ထိမှန်ပျက်စီးခဲ့ပြီး   မြို့နယ်အတွင်း ဒေသခံပြည်သူများထံသို့ လျှပ်စစ် ဓာတ်အားပေးပို့မှု   ပြတ်တောက် လျက်ရှိကြောင်းနှင့် အဆိုပါပျက်စီး ခဲ့သည့်        ဓာတ်အားခွဲရုံကို သက်ဆိုင်ရာ     တာဝန်ရှိသူများ က  ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံး   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
KNLA  နှင့်   PDF    အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကြောင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများစွာ    ထိခိုက် နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသ တည်ငြိမ်       အေးချမ်းရေးအတွက် အကြမ်းဖက်မှု    ချေမှုန်းရေး စစ်ဆင်ရေးကို    ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သတင်းရရှိ သည်။                    

သတင်းစဉ်