ကန်ကြီးထောင့်မြို့နယ်၌ အပြစ်မဲ့ပြည်သူတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံနှင့်  ပိတောက်ပင်ကျေးရွာရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် တရားခံများ ဖမ်းဆီးရမိ


 

နေပြည်တော် အောက်တိုဘာ ၅


အကြမ်းဖက်    အဖွဲ့အစည်းဖြစ် သော NUG ၏  စေခိုင်းချက်အရ စက်ရုံ၊    အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့်  အပြစ်မဲ့ ပြည်သူများအား  အဓိကပစ်မှတ် ထား၍   သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး   ဖော် ထုတ်ဖမ်းဆီးမှုများ  ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ် စက်တင် ဘာ ၁၈ ရက်တွင်  ဧရာဝတီတိုင်း ဒေသကြီး    ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြား  အင်းမနယ် မြေရဲစခန်းရှေ့  စစ်ဆေးရေးဂိတ် တွင်  ပုသိမ်-မြဝတီ ပြေးဆွဲသည့် ဒို့ညီနောင်ယာဉ်လိုင်းဖြင့်  လိုက် ပါစီးနင်းလာသည့် စည်သူအောင် (၃၅နှစ်)၊ အောင်နိုင်ထွေး (၃၅နှစ်)နှင့် ဘိုဘိုထွန်း  (၂၈နှစ်) တို့ကို ဖမ်းဆီးရမိခဲ့ပြီး  စည်သူအောင်၏ ထွက်ဆိုချက်အရ ကန်ကြီးထောင့် မြို့နယ်  ကညွတ်ကုန်းကျေးရွာနေ စတာလင်း (၆၁နှစ်)ကို     ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ           တရားခံ စည်သူအောင်၏    ထွက်ဆိုချက် အရ  စက်တင်ဘာ ၁၉ ရက်တွင်                        
သာပေါင်းမြို့နယ်  ညောင်ပင်လေး ဆိပ်ကျေးရွာနေ  စိုးပိုင်(၃၅နှစ်) အား  ပစ္စတိုကျည်အိမ်    တစ်ခု၊ လက်လုပ်လေသေနတ်    တစ်      လက်၊     လက်လုပ်မိုင်း   နှစ်လုံး၊ ယမ်းတစ်ဘူးတို့နှင့်      လည်း ကောင်း၊ ကန်ကြီးထောင့်မြို့နယ် ဆက်ချောင်းကျေးရွာနေ ရဲမိုး(၄၁ နှစ်)အား  တူမီးသေနက်  တစ် လက်နှင့်လည်းကောင်း၊      ကန် ကြီးထောင့်မြို့     (၁)   ရပ်ကွက်နေ အောင်အောင်  (၃၈နှစ်)    အား  လက်လုပ်သေနတ် တစ်လက်နှင့် လည်းကောင်း  ထပ်မံဖမ်းဆီးရမိခဲ့ သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိတရားခံ   စည်သူ အောင်၏    ထွက်ဆိုချက်အရ စက်တင်ဘာ၂၀ ရက်တွင်   ကန် ကြီးထောင့်မြို့နယ်  ကုလားကုန် ကျေးရွာရှိ      ထန်းကုန်းလေး ကျောင်းတိုက်နေ အောင်မြင့်(၅၃ နှစ်)ကိုလည်းကောင်း၊   ကန်ကြီး ထောင့်မြို့    (၄)ရပ်ကွက်နေ ရဲလင်းနောင်(၃၁နှစ်)၊   (၂)ရပ် ကွက်နေ   အောင်ဓန(၁၉နှစ်)၊   (၁)ရပ်ကွက်နေ    ရဲဝင်းသူ   (၃၇ နှစ်)တို့ကို       လည်းကောင်း၊   ပုသိမ်မြို့    (၅)    ရပ်ကွက်နေ     ဇော်ထိုက်     (၆၂နှစ်)      နှင့်  သက်ထားဝေ     (၂၃နှစ်)        တို့ကို လည်းကောင်း    ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ                တရားခံ ဇော်ထိုက်၏    ထွက်ဆိုချက်အရ စက်တင်ဘာ     ၂၁   ရက်တွင် ကန်ကြီးထောင့်မြို့နယ်   ညောင် ပင်ကျေးရွာနေ  ထက်ထက်(၂၆နှစ်)အား       လမ်းလျှောက်စကား ပြောစက် တစ်လုံး၊  ဒူးလေး တစ် လက်၊  မြား ၃၄ ချောင်း၊ ကန့်မှုန့် တစ်ဘူး၊   ယမ်းမှုန့်   ခုနစ်ဘူး၊ သံဘောစေ့ ၁၄၀၀၊  ယမ်းမီးခြစ် အလုံး  ၆၀တို့နှင့်အတူ    ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိတရားခံ  စည်သူ အောင်၏               ထွက်ဆိုချက် အရ  စက်တင်ဘာ ၂၂ ရက်တွင်  သာပေါင်းမြို့နယ်  သန်လျက်စွန်း ကျေးရွာ၊ ပုသိမ်-သာပေါင်း ကား လမ်း၊ မိုင်တိုင်အမှတ် ၀/၄ နှင့် ၀/၅ ကြားတွင် Light Truck အဖြူ ရောင်ယာဉ်ပေါ်မှ    စိုးမင်းထွန်း (၃၅နှစ်)၊   စစိုးမိုးကျော်(၂၉နှစ်)၊ အောင်ကိုကို (၁၉နှစ်)၊  ထွန်းအေး (၆၂နှစ်)၊ နေလင်းအောင် (၂၈နှစ်)၊ လှမျိုးမင်း (၃၈နှစ်)၊ လှကြည်(၄၈ နှစ်)၊  ညီဇော်လတ် (၃၅နှစ်)တို့ ရှစ်ဦးကို  ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ညီဇော် လတ်၏     ထွက်ဆိုချက်အရ စက်တင်ဘာ     ၂၃    ရက်တွင် သာပေါင်းမြို့နယ်    ဘုရားဦး ပေါက်ကျေးရွာနေ  သောင်းမြင့် (၄၆နှစ်)အား     ပစ္စတိုတစ်လက်၊ ကိုးမမကျည် ၁၅ တောင့်၊ ကျည် အိမ် တစ်ခု၊    တူမီးသေနတ် ငါး လက်၊ လက်လုပ်မိုင်း တစ်လုံးနှင့် ဖောက်ခွဲဖျက်ဆီးရေး  ဆက်စပ် ပစ္စည်းများနှင့်   လည်းကောင်း၊ ငွေဆောင်မြို့     ရှောက်ချောင်း ကျေးရွာနေ အောင်ခင်ဌေး (၃၅ နှစ်)အား ပုသိမ်-ငွေဆောင် ကား လမ်း၊ မိုင်တိုင်အမှတ်၊ ၂၈/၃ တွင် လည်းကောင်း  ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိ         တရားခံ ထွန်းအေးနှင့်  စိုးမင်းထွန်းတို့၏ ထွက်ဆိုချက်အရ    ၎င်းတို့၏ နေအိမ်များတွင်    လက်နက်များ ဝှက်ထားကြောင်း  သိရှိရသဖြင့် စက်တင်ဘာ ၂၃ ရက်တွင်   သွား ရောက်ရှာဖွေခဲ့ရာ   ထွန်းအေး နေအိမ်အတွင်းမှ  လက်လုပ်မိုင်း ၂၂ လုံး၊ တူမီး သေနတ်အတို တစ် လက်၊ တူမီးသေနတ် အရှည် ၁၂ လက်၊   လက်လုပ်လေသေနတ်  နှစ်လက်၊ ယမ်း ၂၈ ဘူး၊ ပြုလုပ် ဆဲလက်လုပ်မိုင်းတစ်လုံး၊ ဗြောက် အိုး အလုံး ၇၀၊    ဆန်ကိုးအိတ်နှင့်  လက်လုပ်မိုင်း       ပြုလုပ်ရာတွင်    အသုံးပြုသော         ဆက်စပ် ပစ္စည်းများကို    လည်းကောင်း၊ စိုးမင်းထွန်း  နေအိမ်အတွင်းမှ တူမီးသေနတ်အရှည်  လေးလက် ကိုလည်းကောင်း   သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နေလင်း အောင်၏   ထွက်ဆိုချက်အရ စက်တင်ဘာ ၂၄ တွင်     ကန်ကြီး ထောင့်မြို့နယ်    တစ်တစ်တူး ချောင်းကျေးရွာ အနောက်ဘက် ငြိမ်းတင် နေအိမ်ခြံဝင်းအတွင်းမှ လက်လုပ်မိုင်း  တစ်လုံး၊    တူမီး သေနတ် ခြောက်လက်၊    လက် လုပ် လေသေနတ်  လေးလက်တို့ ကို သိမ်းဆည်းရမိခဲ့သည်။ 
ဖမ်းဆီးရမိတရားခံ အောင် ခင်ဌေး၏    ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ငရုတ် ကောင်းမြို့   သဲဖြူကျေးရွာအနီး တောအတွင်းမှ    ချမ်းငြိမ်း(၂၁နှစ်) ကို     လက်လုပ်မိုင်း   ၃၄ လုံး၊ ယမ်းကြိုး ၈၅ ချောင်း၊   ယမ်းပုံး တစ်ပုံး၊ သံဘောစေ့   ၁၅၀၊   9V ဓာတ်ခဲ ၁၈ လုံး၊     လက်လုပ်မိုင်း ပြုလုပ်ရာတွင်     အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့သည်။
သိမ်းဆည်းရမိ
ဖမ်းဆီးရမိတရားခံ ညီဇော် လတ်၏      ထွက်ဆိုချက်အရ စက်တင်ဘာ    ၂၆  ရက်တွင် ကန်ကြီးထောင့်မြို့နယ်   ဒိုးပင် စိတ်ကျေးရွာနေ  မင်းမင်းပိုင်ဆိုင် သော ရော်ဘာခြံအတွင်းမှ  ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊  ၉ မမကျည်  အတောင့် ၅၀၊  လမ်း လျှောက်စကားပြောစက်   တစ် လုံး၊ Memory Stick တစ်ချောင်း တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ  ညီဇော် လတ်နှင့်    နေလင်းအောင်တို့၏ ထွက်ဆိုချက်အရ  စက်တင်ဘာ ၂၇ ရက်တွင်     ကန်ကြီးထောင့် မြို့နယ်    မြောင်ကြီးကျေးရွာနေ စိန်ကံ (၃၉နှစ်)အား  လက်လုပ် စိန်ပြောင်း   သုံးလက်၊    သံကိုယ် ထည် လက်လုပ်ဆုံလည်သေနတ် သုံးလက်နှင့်လည်းကောင်း၊ ပုသိမ် မြို့နယ်        ဘုရားကြီးကုန်း ကျေးရွာရှိ     အောင်ချမ်းသာ(၃) ဆန်စက်အား  ရှာဖွေရာဆန်စက် မန်နေဂျာ   မင်းစိုး(၄၁နှစ်)အား    လက်လုပ်ဗုံး  ခြောက် လုံး၊ အသံဗုံး    တစ်လုံးတို့နှင့်      လည်းကောင်း၊  ရေကြည်မြို့နယ် ငါးသိုင်းချောင်း မြို့     အောင်ဆန်းရပ်ကွက်နေ နေသက်စိုး (၃၉နှစ်) အား Beretta ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊  ပွိုင့် ၂၂ ကျည်အတောင့်  ၃၅၀၊  ၉ မမကျည်  အတောင့်  ၅၀တို့နှင့် အတူ     ဖမ်းဆီးရမိခဲ့ပြီး   ၎င်း၏   ထွက်ဆိုချက်အရ     ရေကြည်မြို့ နယ်   ဘွဲ့ငူကျေးရွာ လယ်ကွက် အတွင်း      မြေမြှုပ်ထားသော ယမ်းစိမ်း ၈၀ ကျပ်သား နှစ်ဘူး၊    ဒီတိုနေတာ    အချောင်း ၉၀ကို   ထပ်မံသိမ်းဆည်းရမိခဲ့ပြီး  မအူပင် မြို့နယ်   နွားကြီးကုန်း   ကျေးရွာ နေသူ သောင်းလှိုင် (၆၅နှစ်)အား ၎င်း၏ နေအိမ်အနောက်ဘက်ရှိ    ကိုင်း   တောအတွင်း    ဝှက်ထား သော    လက်လုပ်တူမီးသေနတ်     ၄၆  လက်နှင့်အတူ    ဖမ်းဆီးရမိ ခဲ့သည်။
ဖြစ်စဉ်တွင်      တရားခံများ ဖမ်းဆီးရမိမှုအနေဖြင့်  ကျား ၂၇ ဦး၊ မ နှစ်ဦး ပေါင်း ၂၉ ဦး ဖမ်းဆီး ရမိခဲ့ပြီး  သိမ်းဆည်းရမိ  လက် နက်/ခဲယမ်းများအနေဖြင့် ပစ္စတို သုံးလက်၊ ကျည်အိမ် ငါးခု၊ တူမီး သေနတ် ၇၅ လက်၊ လက်လုပ်လေ သေနတ် ရှစ်လက်၊   လက်လုပ် စိန်ပြောင်း သုံးလက်၊   လက်လုပ် ဆုံလည်သေနတ်     သုံးလက်၊ ဒူးလေး   တစ်လက်၊   မြား ၃၄ ချောင်း၊ ၉ မမ ကျည် ၁၁၅ တောင့်၊ ပွိုင့်-၂၂ ကျည် အတောင့်  ၃၅၀၊ လက်လုပ်မိုင်း ၆၇ လုံး၊ အသံဗုံး တစ်လုံး၊ ဗြောက်အိုးအလုံး  ၇၀ ၊ ဒီတိုနေတာ   ၉၀ ၊  ယမ်းဘူး ၄၄ ဘူး၊  ကန့် တစ်ထုပ်၊ သံဘောစေ့ ၁၅၅၀၊     လမ်းလျှောက်စကား ပြောစက်  နှစ်လုံး၊ ဆန်အိတ် ကိုး အိတ်၊    လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း     ပြုလုပ်ရာတွင် အသုံးပြုသော   ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့သည်။ 
ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ   ၂၀၂၁  ခုနှစ်  မတ်  ၁၄ ရက်တွင်     ကန်ကြီး ထောင့်မြို့နယ်     ပိတောက်ပင် ကျေးရွာ   ရပ်ကွက်စီမံအုပ်ချုပ် ရေးရုံးအား  အောင်နိုင်ထွေးနှင့် ဝေလင်း  (ဖမ်းဆီးရန်ကျန်)တို့ နှစ်ဦးမှ မီးရှို့ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၉ ရက်တွင်     ကန်ကြီးထောင့် မြို့နယ် အမှတ် (၁)  ရပ်ကွက် ရွှေကန်သာ         ကားဂိတ်အနီး၌  
               ပြည်ခိုင်ဖြိုးပါတီဝင်         ဦးမောင် မောင်မြင့်အား    ကျော်ဇင်ထွေး (ဖမ်းဆီးရန်ကျန်)နှင့်     ဘိုဘိုထွန်း တို့ နှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ် ၍   လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာ   ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသ တွင်း    ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန်    ကန်ကြီးထောင့် မြို့နယ် NLD ပါတီပြည်သူ့လွှတ် တော်      ကိုယ်စားလှယ်ဟောင်း ဝေယံအောင်က     အဓိကစီစဉ် ညွှန်ကြားနေကြောင်း  ပြည်သူ များမှ      သတင်းပေးပို့ခဲ့သဖြင့် ၎င်းတို့၏   အကြမ်းဖက်လုပ်ရပ် များအား     ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်းဖြစ်ကြောင်း  သိရှိရသည်။
အထက်ပါ  ဖမ်းဆီးရမိသူများ အား   ဥပဒေအရ   ထိရောက်စွာ အရေးယူနိုင်ရေး    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်     ဆက်စပ်တရားခံများအား အမြန်ဆုံး  ဖမ်းဆီးရမိရေးအတွက် ၎င်းတို့              ပုန်းခိုရာနေရာ များ၊   လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက  သက်ဆိုင်ရာ သို့      လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့်  မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက်   ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်    ကြိုးပမ်းဆောင် ရွက်နိုင်ပါရန်    မေတ္တာရပ်ခံထား သည်။                     သတင်းစဉ်