
ကြံခင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ရွှေတော်စုရပ်ကွက် မြို့မ အားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်း၌ မွေးဖွားသော ကလေး နှစ်ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက တိုင်း ဒေသကြီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကလေးအသုံး အဆောင်ပစ္စည်းများ ထပ်ဆင့်ထောက်ပံ့ပေးအပ်သည်။
အဆိုပါ မွေးကင်းစကလေးနှစ်ဦးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက က ထောက်ပံ့ပေးအပ်သော အနှီး ပိတ်စ ၂၀ နှင့် မွေးကင်းစ ကလေးဝတ်အင်္ကျီ အစုံ ၂၀ တို့ကို ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များက ယာယီရေဘေးရှောင် စခန်းသို့ သွားရောက်ပြီး ထပ်ဆင့်ပေးအပ်ကြသည်။
ထို့နောက် ယာယီရေဘေးရှောင်ပြည်သူများအား မြို့နယ်ပြည်သူ့ ဆေးရုံမှ ဒေါက်တာမျိုးအိအိထွန်းနှင့် ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်နေမှုများကို ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးကြသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ခဲ့ကြရာ တွင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၇ ဦးကို ကုသ ပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)