ကင်ညာအရှေ့မြောက်ပိုင်း လမ်းဘေး ဗုံးပေါက်ကွဲမှုကြောင့် လူငါးဦး သေဆုံး

 

 

နိုင်ရိုဘီ   ဇန်နဝါရီ   ၃၁ 
ဆိုမာလီယာနယ်စပ်အနီး  ကင်ညာနိုင်ငံ  အရှေ့မြောက်ပိုင်းတွင် ဇန်နဝါရီ ၃၁ ရက်က လမ်းဘေးဗုံးပေါက်ကွဲမှုနှင့်အတူ လက်နက် ကိုင်များ၏  ချောင်းမြောင်းတိုက်ခိုက်မှုအတွင်း  မီနီဘတ်စ်ကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး လူငါးဦး သေဆုံးခဲ့ကြောင်း ရဲများက ပြောသည်။ 
ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ်အတွင်း    လက်နက်ကိုင်တိုက်ခိုက် သူများက လူ ၁၄ ဦး လိုက်ပါလာသော မီနီဘတ်စ်ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြသည်။ လက်နက်ကိုင်တိုက်ခိုက်သူများ    ဆိုမာလီယာ နယ်စပ်ဘက်သို့    ထွက်ပြေးခဲ့ကြောင်း   ရဲတပ်ဖွဲ့၏   ဖော်ပြချက် တွင်  ဖော်ပြထားသည်။   အဆိုပါတိုက်ခိုက်မှုအတွင်း   လက်နက် ကိုင်တိုက်ခိုက်သူများက လက်နက်များနှင့်သာမက ဗုံးပစ်လောင်ချာ များဖြင့်လည်း    တိုက်ခိုက်ခဲ့ကြသည်။   ခရီးသည်  အတော်များများ အဆိုပါတိုက်ခိုက်မှုအတွင်း အသက်ရှင်သန်ခဲ့သော်လည်း ဒဏ်ရာ အမျိုးမျိုးရရှိခဲ့ကြသည်။ 
ဂျီဟတ်များကို ဖြုတ်ချရန် အာဖရိကသမဂ္ဂ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့်   ၂၀၁၁ ခုနှစ်တွင်  ဆိုမာလီယာသို့  တပ်ဖွဲ့များ ပေးပို့ခဲ့သော  နိုင်ရိုဘီ၏  လုပ်ရပ်ကို  လက်တုံ့ပြန်သောအားဖြင့် အယ်လ်ရှာဘတ်တိုက်ခိုက်ရေးသမားများသည်  ကင်ညာနိုင်ငံတွင်  တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။                        အေအက်ဖ်ပီ