ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မိုးကြီးမှုကြောင့် သေဆုံးသူ ၄၄၃ ဦးအထိ ရှိလာ

 

ဂျီနီဗာ   မေ   ၂၄
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရေးပေါ်အခြေအနေ    ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး  သေဆုံးသူ ဦးရေမှာလည်း ၄၄၃ ဦးအထိရှိလာသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံးက မေ ၂၃ ရက်တွင်ပြောသည်။
မေလအစောပိုင်းမှစတင်ကာ  မိုးရွာသွန်းမှုများကြောင့်    ရေကြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး   လူပေါင်းများစွာ    ပျောက်ဆုံးနေဆဲဖြစ်ကာ လူပေါင်းရာနှင့်ချီ   ဒဏ်ရာရရှိကြောင်း   အဆိုပါရုံးက  ပြောသည်။ အလောင်းများကို    တူးဖော်ရန်အတွက်   စက်ကိရိယာကြီးများကို  ကယ်ဆယ်ရေးသမားများ   တောင်းဆိုထားကြသည်။   အထူးသဖြင့် တောင်ပိုင်းကီဗူးပြည်နယ်၏   အရှေ့ပိုင်းရှိ   ကလယ်ဟီနယ်မြေတွင်  စက်ကိရိယာကြီးများ အဓိကလိုအပ်လျက်ရှိသည်။ 
နောက်ထပ်ဦးစားပေးလိုအပ်မှုများမှာ ခိုလှုံရာနေရာများ၊ အသက် ရှင်ကျန်ရစ်သူများကို ပြန်လည်နေရာချထားပေးရန်နှင့် အစားအသောက် များ လိုအပ်ပြီး လမ်းတံတားများ ပြန်လည်ပြုပြင်ပေးရန်လည်း လိုအပ် လျက်ရှိသည်။ စာသင်ကျောင်းနှင့် နေအိမ်ပေါင်း ၃၀၀၀ ကျော် ပျက်စီး ခဲ့ရသည်။ မေ ၁၀ ရက်မှစတင်ကာ လူပေါင်း  ၁၇၀၀၀  ကျော်ကို အစား အသောက်၊   ကျန်းမာရေးစောင့်ရှောက်မှုနှင့်    ခိုလှုံစရာနေရာများ လုပ်ဆောင်ပေးခဲ့သည်ဟု အဆိုပါရုံးက ပြောသည်။              ဆင်ဟွာ