
အော့တဝါ ဇွန် ၄
ကနေဒါနိုင်ငံသည် Monkeypox ရောဂါအတည်ပြုကူးစက်ခံရသူ ၅၈ ဦးအထိ ရောက်ရှိလာပြီဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေး အကြီးအကဲဖြစ်သူ သီရေဆာ တမ်က ဇွန် ၃ ရက်တွင် ပြောသည်။
အဆိုပါ ကူးစက်ခံရသူများ သည် ကွီဘက်စ်ပြည်နယ်မှ ၅၂ ဦး၊ အွန်တာရီယိုပြည်နယ်မှ ငါးဦးနှင့် အယ်ဘာတာ ပြည်နယ် မှ တစ်ဦးဖြစ်ကြောင်း ကျန်းမာရေး နှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တမ်က သတင်း ထောက်များကို ပြောသည်။
ထို့အပြင် ရောဂါကူးစက်ခံ ထားရသူ သို့မဟုတ် ရောဂါကူး စက်ခံထားရသူ၏ မသန့်ရှင်းသော ပစ္စည်းများကို အနီးကပ်ထိတွေ့ ကိုင်တွယ်မိပါက မည်သူကိုမဆို ရောဂါကူးစက်နိုင်ကြောင်း ၎င်းက သတိပေးပြောကြားသည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်း Monkeypox ရောဂါဖြစ်ပွားခြင်း မရှိသော နိုင်ငံပေါင်း ၃၀ မှ Monkeypox ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ အနည်းဆုံး ၅၅၀ ခန့်ရှိလာပြီဖြစ်ကြောင်း တမ်က ပြောသည်။
ဆင်ဟွာ