ကနေဒါနိုင်ငံအနောက်ပိုင်း တောမီး မြို့ပြများသို့ ကူးစက်လာနိုင်ဖွယ်ရှိ ကယ်ဆယ်ရေးများလုပ်ဆောင်ရန် တပ်ဖွဲ့ဝင်များ အသင့်စောင့်ဆိုင်း

 

အော့တဝါ ဇူလိုင် ၃


ကနေဒါနိုင်ငံအနောက်ပိုင်းတွင် စံချိန်တင်အပူလှိုင်း ကြောင့် တောမီးလောင်မှုများ ၁၀၀ ကျော်ဖြစ်ပေါ် လျက်ရှိပြီး မြို့ပြများမှ လူများကို ကယ်တင်နိုင်ရေး အတွက် အော့တဝါတွင် စစ်ဘက်သုံးလေယာဉ်နှင့် အခြားသောအကူအညီများ အဆင်သင့်ပေးပို့နိုင်ရေး အတွက် ဇူလိုင် ၂ ရက်တွင် ပြင်ဆင်ခဲ့ကြောင်း သိရ သည်။ 


ဗြိတိသျှ ကိုလံဘီယာပြည်နယ်တွင် တောမီး လောင်မှု ၁၄၃ ခုထက်မနည်း ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့ အနက်    ၇၇  မှာ     ပြီးခဲ့သည့်   နှစ်ရက်အတွင်းမှ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ 


ကနေဒါတပ်ဖွဲ့မှာလည်း ကူညီရန်အသင့်ရှိသည် ဟု ကာကွယ်ရေးဝန်ကြီး ဟာဂျစ်ဆာဂျင်က ပြော သည်။ ဗြိတိသျှ ကိုလံဘီယာတွင်လည်း လူပေါင်း ၁၀၀၀ ကျော် တောမီးကြောင့် ထွက်ပြေးခဲ့ရသည်ဟု သိရသည်။


အာဏာပိုင်များက   ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။ 


အေအက်ဖ်ပီ