
ကန့်ဘလူ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၉ ရွာအား ဆောင်ရွက်လျက်ရှိပြီး နတ်ပေးကျေးရွာ အုပ်စု နတ်ပေးကျေးရွာ ခန်းမဆောင်တည်ဆောက် ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တည်ဆောက်လျက်ရှိသော ကျေးရွာ ခန်းမဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေများ ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်း နှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာခန်းမဆောင် (အလျား ၇၂ ပေ၊ အနံ ၂၇ ပေ၊ အမြင့် ၁၂ ပေ) တည်ဆောက်ခြင်းလုပ်ငန်း အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် တစ်သန်း စုစုပေါင်းငွေကျပ် ၁၁ သန်းဖြင့် ကျေးလက် ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ ကျေးရွာ ကော်မတီများ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း များ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
ဖြိုးကျော်(ပုံတောင်မြေ)