ကမ္ဘောဒီးယားဝန်ကြီးချုပ် လက်ရှိအသုံးပြုနေသည့် မွေးနေ့ရက်စွဲကို အမှန်တကယ်မွေးဖွားခဲ့သည့် မွေးနေ့ရက်စွဲနှင့် အစားထိုးပြောင်းမည်


 

ဖနောင်ပင်   မေ   ၁၇ 
ကမ္ဘောဒီးယားဝန်ကြီးချုပ်  ဆမ်ဒက်တက်ချိုဟွန်ဆန်က  သူ၏   တရားဝင်  အသုံးပြုနေသည့် မွေးနေ့ရက်စွဲကို သူ အမှန်တကယ် မွေးဖွားခဲ့သည့်   မွေးနေ့ရက်စွဲနှင့် ပြောင်းရန်ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားလိုက်သည်။ 
အမှန်တကယ်မွေးနေ့ရက်စွဲ
ဟွန်ဆန်က သူ၏လက်ရှိ တရားဝင်  အသုံးပြုနေသည့် ရက်စွဲသည် ဧပြီ ၄ရက် ၁၉၅၁ ခုနှစ်ဖြစ်ကြောင်း၊ သို့သော်လည်း သူ၏အမှန်တကယ်မွေးနေ့ရက်စွဲသည် သြဂုတ် ၅ ရက် ၁၉၅၂  ခုနှစ် ဖြစ်ကြောင်း၊ အဆိုပါနှစ်မှာ ၁၂ ရာသီခွင်တွင် နဂါးနှစ် ဖြစ်ကြောင်း ပြောကြားသည်။ 
မွေးနေ့ရက်စွဲ  အမှားကို  ဆယ်စုနှစ်အတော်ကြာ   သတိ မထားမိဘဲ    မှားယွင်းအသုံးပြုခဲ့ကြောင်း     ဟွန်ဆန်က ပြောသည်။ 
မွေးနေ့အမှန် အသုံးပြုမည်
အဆိုပါကိစ္စနှင့်     ပတ်သက်ပြီး တရားရေးဝန်ကြီးနှင့် တိုင်ပင်ခဲ့ကြောင်းနှင့်   မိမိ၏   မွေးနေ့အမှန်ကို   ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း ဟွန်ဆန်က  ပြောသည်။ 
သံတမန် မှတ်တမ်းမှတ်ရာအတွက် အသိပေးမည်
မွေးနေ့ရက်စွဲ ပြောင်းလဲခြင်းပြီးဆုံးသွားပါက  ပြည်သူ လူထုသို့  ကြေညာချက်  ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ   နိုင်ငံများသို့လည်း   သံတမန်   မှတ်တမ်းမှတ်ရာ အတွက်      အသိပေးသွားမည်ဖြစ်ကြောင်း      ဟွန်ဆန်က  ဆက်လက်ပြောကြားသည်။                                 ဆင်ဟွာ