ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုလေ့လာ

 

နေပြည်တော် ဇန်နဝါရီ   ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ အလုပ်သဘောခရီးစဉ် ရောက်ရှိနေ သည့်  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ  “မာရဝိဇယ”  ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး   ထုဆစ်ခြင်းနှင့်  တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုလေ့လာသည်။

 


ဦးစွာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 


ယင်းနောက် ကမ္ဘောဒီးယားဝန်ကြီး ချုပ်သည်    ရှင်းလင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး     ကံမြင့်သန်းက မာရဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်း၏  ရည်ရွယ် ချက်၊       စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်   တူးဖော်ခြင်းနှင့် အပိုင်းလိုက်        သယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့မှု၊ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က      နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒ ခံယူ၍ တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မည့်    ဗုဒ္ဓဥယျာဉ်တော် အတွင်း ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာ     ကျမ်းစာများ ကို   စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု ၍   ပါဠိအက္ခရာ၊  Romanize Language တို့ဖြင့် ရေးထိုးပူဇော် မည့် အခြေအနေများနှင့် ဂန္ဓကုဋိ တိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်း တိုက်များ၊  သုဓမ္မာဇရပ်၊ မုစလိန္ဒ အိုင်၊ မင်္ဂလာတံတားနှင့် ရေပန်း များကို   ရတနာပုံခေတ်လက်ရာ များအတိုင်း     ထည့်သွင်းတည် ဆောက်၍      မြန်မာ့အနုပညာ လက်ရာစုံလင်စွာဖြင့်   ဗိသုကာ လက်ရာမြောက်အောင် ထည့်သွင်း တည်ဆောက်သွားမည့်     အခြေ အနေများကို     ရှင်းလင်းတင်ပြ သည်။

 


လှည့်လည်ကြည့်ရှု


ထို့နောက်    ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ်နှင့်   ကိုယ်စား လှယ်အဖွဲ့ဝင်များသည် မာရဝိဇယ ကျောက်ဆစ်     ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်မည့် ပုံစံအတိုင်း   ပြုလုပ်ပုံဖော်ထား သည့်    ဥယျာဉ်တော်အကွက်ချ ပုံစံငယ်များ၊ ရုပ်ပွားတော်ကြီးပုံစံ ငယ်များ၊ ပိဋကတ်ကျောက်စာရုံ နှင့် ကျောက်စာနမူနာများ၊ ရုပ်ပွား တော်မြတ်ကြီး၏ ပလ္လင်တော်များ နေရာချထားမှုနှင့် CNC Machine များဖြင့်    ထုဆစ်နေမှုများကို မော်တော်ယာဉ်များဖြင့်   လှည့် လည်ကြည့်ရှုခဲ့ကြောင်း  သတင်း ရရှိသည်။             
     

 သတင်းစဉ်