
နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ အလုပ် သဘောခရီးစဉ်အဖြစ် ရောက်ရှိ နေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ် ဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီး ချုပ် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna နှင့် တာဝန်ရှိသူ များက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီး ချုပ်သည် မြန်မာနိုင်ငံသို့ လာရောက်သည့် အလုပ်သဘော ခရီးစဉ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက် ခြင်းများပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ များတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်