
နေပြည်တော် မေ ၂၆
ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ သို့ လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်း နှင့် ကာကွယ်ဆေးထိုးအပ် တစ်သန်းတို့သည် ယနေ့နံနက် ၇နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်ခရီးစဉ် အမှတ် KR3763 အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း အခမ်း အနားကို နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ အရေးကြီး ပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath တို့ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရေး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အား ရှေးရှု၍ လှူဒါန်းသော Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ကာကွယ်ဆေး ထိုးအပ်တစ်သန်းတို့အား ကမ္ဘော ဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath က လွှဲပြောင်းပေးအပ်ရာ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြု လွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်း များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
ယခင် နှစ်များကလည်း ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆေးနှင့် ဆေးပစ္စည်းများ၊ လှူဒါန်းငွေများ ကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်