ကမ္ဘောဒီးယားနိုင်ငံအစိုးရက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများလှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၁၉


မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများက   အထောက်အကူပြုဆေးပစ္စည်းများ   လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပသည်။

 


အခမ်းအနား၌ ကမ္ဘောဒီးယား နိုင်ငံ ကျန်းမာရေးဝန်ကြီး Profe-ssor   Mam   Bunheng  က မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်  မစ္စတာ Samdech Akka Moha Sena Padei Techo Hun   Sen  ၏   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့   နှုတ်ခွန်း ဆက်   အမှာစကားကို  တစ်ဆင့် ပြောကြားလိုပါကြောင်း၊   ကမ္ဘော ဒီးယားနိုင်ငံ ဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူအားလုံးကို လည်း ကိုဗစ်-၁၉ ကပ်ရောဂါမှ အောင်မြင်စွာ  ကျော်လွှားနိုင်ပြီး ကျန်းမာပါစေကြောင်း    ဆုမွန် ကောင်း        တောင်းပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်   မြန်မာ နိုင်ငံသည် နှစ်ကာလကြာရှည်စွာ ညီအစ်ကိုမောင်နှမ  ဆက်ဆံရေး တည်ရှိပြီး အာဆီယံအသိုင်းအဝိုင်း မှတစ်ဆင့်   ဒေသတွင်းငြိမ်းချမ်း ရေး၊     လုံခြုံရေးနှင့်    ဖွံ့ဖြိုး တိုးတက်ရေးများတွင် ကောင်းမွန် သော ပူးပေါင်းဆောင်ရွက်မှုများ    ရှိပါကြောင်း။

 


ပေးပို့လှူဒါန်းခြင်းဖြစ်


ယနေ့အချိန်တွင် တစ်ကမ္ဘာ လုံး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ   ရင်ဆိုင်ကြုံတွေ့ နေရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ပြည်သူများမှ ညီအစ်ကိုမောင်နှမ ကဲ့သို့   စည်းလုံးညီညွတ်သော စိတ်ထားဖြင့်    မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက် ရေးအတွက် အထောက်အပံ့အနေ ဖြင့် ယခုကဲ့သို့ ဆေးပစ္စည်းများ အား    ပေးပို့လှူဒါန်းခြင်းဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် ကမ္ဘော ဒီးယား- မြန်မာ နှစ်နိုင်ငံရင်းနှီးမှု နှင့်    ချစ်ကြည်စွာပူးပေါင်းမှုမှ တစ်ဆင့်   နှစ်နိုင်ငံ   စည်းလုံး ညီညွတ်မှု၊ လူမှုစီးပွားတိုးတက်မှု များသာမက ဒေသတွင်းငြိမ်းချမ်း ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် မှုများပါ ဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 


နိဂုံးချုပ်အနေဖြင့်   ယနေ့ အခမ်းအနားသို့   တက်ရောက် လာသော  ကျန်းမာရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီးနှင့်  တကွ တာဝန်ရှိသူများနှင့် မြန်မာ ပြည်သူအားလုံးအား    ကျန်းမာ ပျော်ရွှင်၍        အောင်မြင်ပါစေ ကြောင်း ဆုမွန်တောင်းပါကြောင်း ပြောကြားသည်။

 


ဆေးပစ္စည်းများလွှဲပြောင်း


ထို့နောက်    ကမ္ဘောဒီးယား နိုင်ငံ      ကျန်းမာရေးဝန်ကြီးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ်  ကုသရေး အတွက်    အထောက်အကူပြု ဆေးပစ္စည်းများ      လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက်     ကျန်းမာရေး ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင်စကား   ပြန်လည် ပြောကြားရာတွင် ယခုလှူဒါန်းမှု များသည်  မိမိတို့နိုင်ငံ၏  ကိုဗစ်-၁၉  ကပ်ရောဂါ  တုံ့ပြန်နိုင်ရေး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရာတွင်   များစွာအထောက် အကူ  ဖြစ်စေပါကြောင်း၊  မိမိတို့ နှစ်နိုင်ငံ၏       ကောင်းမွန်သည့် ချစ်ကြည်ရေး ပြယုဂ်တစ်ခုလည်း ဖြစ်ပါကြောင်း၊      ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း   မိမိတို့သည် ကိုဗစ်-၁၉  ကပ်ရောဂါ၏ မမျှော် လင့်သော        စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါကြောင်း၊      လတ် တလော     ကာလတွင်လည်း ၎င်းရောဂါပိုး၏ မျိုးရိုးဗီဇပြောင်း Delta အမျိုးအစား ဗိုင်းရပ်စ်ပိုး ကြောင့်   ရင်ဆိုင်ရသည့်အခက် အခဲများမှာ    ပိုမိုပြင်းထန်လာပါ ကြောင်း၊    ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး၏     မြန်မာ နိုင်ငံအတွက်        ကိုဗစ်-၁၉ ကပ်ရောဂါ    တုံ့ပြန်ရေးဆိုင်ရာ ထောက်ပံ့မှုများ        ပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ချက် များသည် မိမိတို့နိုင်ငံအား များစွာ အထောက်အကူဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

 


ယနေ့    အခမ်းအနားတွင် ပါးစပ်နှင့် နှာခေါင်းစည်း သုံးသန်း၊ COVID-19 AG sets ၅၀၀၀၀၀၊ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေး ဝတ်စုံ     PPE   အစုံ  ၂၀၀၀ ၊ Oxygen Concentrators  ၁၀၀  ၊ Ventilator   Machines  ၂၀  ၊  Patient  Monitors  and  acce-ssories  အစုံ  ၂၀  လက်ခံရရှိပါ ကြောင်း၊ အဆိုပါပစ္စည်းများသည် အာဆီယံ       လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ် ရေး  ညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် လှူဒါန်းသည့်        အမေရိကန် ဒေါ်လာ   ၁၀၀၀၀၀ နှင့်  ကမ္ဘော ဒီးယားနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့        လှူဒါန်းသည့် အမေရိကန်ဒေါ်လာ    ၂၀၀၀၀၀ တို့အား   ထပ်မံပံ့ပိုးလှူဒါန်းခြင်း ဖြစ်ကြောင်း။

 


ထိုသို့   ရင်းနှီးချစ်ကြည်စွာ လှူဒါန်းမှုများကြောင့်   မြန်မာ နိုင်ငံတွင်   ကပ်ရောဂါတိုက်ဖျက် ရေး ရှေ့တန်းမှ တိုက်ပွဲဝင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ အား ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့် အပြင် နိုင်ငံတစ်ဝန်းရှိ အသက် ပေါင်းများစွာကိုလည်း ကယ်တင် နိုင်မည်ဖြစ်ပါကြောင်း၊    ကမ္ဘော ဒီးယားနိုင်ငံ     ဝန်ကြီးချုပ်နှင့် ကျန်းမာရေး      ဝန်ကြီးတို့၏ ဦးဆောင်မှုဖြင့်    ကမ္ဘောဒီးယား နိုင်ငံ၌  ကိုဗစ်-၁၉  ကပ်ရောဂါ တုံ့ပြန်ရေးတွင်   ထိရောက်သော လုပ်ဆောင်နိုင်မှုများ   တွေ့မြင် ရသည့်အတွက်         ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။

 


ယခုလှူဒါန်းသည့်      ဆေး ပစ္စည်းများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေး     မြန်မာဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ ညှိနှိုင်း      လုပ်ဆောင်ပေးမှုများ   အတွက် လည်း  ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့         လှူဒါန်းပေးအပ်ပွဲ       ဖြစ်မြောက်ရေးအတွက်   အား ကြိုးမာန်တက်   ဆောင်ရွက်ပေး ကြပါသော      နှစ်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် ကမ္ဘောဒီးယား နိုင်ငံမှ        မြန်မာနိုင်ငံအထိ   လာရောက်     လှူဒါန်းပေးသော  တာဝန်ရှိသူများအားလုံး ကျေးဇူး တင်ရှိပါကြောင်း။
ကျန်းမာသောအနာဂတ် ရရှိ ပိုင်ဆိုင်နိုင်ရေးအတွက်    ဒေသ တွင်း    နိုင်ငံများမှ  ကိုဗစ်-၁၉ ကပ်ရောဂါအား တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကပ် ရောဂါအား ထိန်းချုပ်ကာကွယ်နိုင် မည်ဟု    ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်သူများအားလုံး  ကိုဗစ်-၁၉ ကပ်ရောဂါမှကင်းဝေးပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 


လေယာဉ်သုံးစင်းဖြင့် ပို့ဆောင်


မြန်မာနိုင်ငံတွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ အစိုးရက      လှူဒါန်းသည့် အထောက်အကူပြု ပစ္စည်းများကို အထူးလေယာဉ်သုံးစင်းဖြင့် ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်  ပို့ဆောင်ခဲ့ခြင်းဖြစ် သည်။

 


အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊   ညွှန်ကြားရေးမှူး ချုပ်များနှင့်     တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယား နိုင်ငံ   ကျန်းမာရေးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ကြသည်။        

သတင်းစဉ်