
ပင်လယ်ပြာ(ငါးဦးစီး)
ရာသီဥတုပြောင်းလဲခြင်းသည် သဘာဝဂေဟစနစ်ကို အကြီးအကျယ် ပျက်စီးသွားနိုင်ပါသည်။ သို့သော် သစ်ပင်ပန်းမန်များနှင့် သတ္တဝါများ၏ မျိုးစိတ်အားလုံး ပျက်စီး သွားခြင်းတော့ မဟုတ်ပါ။ ပူနွေးသောအပူချိန်တွင် ရှင်သန်သောမျိုးစိတ်အချို့သည် ရာသီဥတုပူနွေးလာမှုကို ၎င်းတို့အတွက်တင်မက သဘာဝပတ်ဝန်းကျင်ကိုပင် အကျိုး ရှိအောင် ဖန်တီးလုပ်ဆောင်ပေးနိုင်ကြသည်။
ထိုမျိုးစိတ်များတွင် အီကွေတာ အနီးရှိ အပူပိုင်းနှင့် အပူလျော့ပိုင်း လတ္တီတွဒ်များ၌ ရှင်သန်ပေါက်ရောက် တတ်သော လမုတော(ဒီရေတော)များ ပါဝင်ပါသည်။ အချို့သော လမုပင် မျိုးစိတ်များသည် အခြားသော အပင် မျိုးစိတ်များ ခံနိုင်ရည်မရှိသော အခြေ အနေများနှင့် ရာသီဥတုဆိုးရွားသော ဒေသများတွင် ပေါက်ရောက်နိုင်စွမ်း ရှိကြသည်။ လမုပင်များသည် ရေစီးနှေးသည့်ရေချိုရေငန်စပ်ဒေသများနှင့် ရေဝပ် သော မြေဆီလွှာများတွင် လိုက်လျော ညီထွေဖြစ်အောင် သဘာဝအတိုင်း ပေါက်ရောက်နိုင်ကြပါသည်။
မျှတအောင်လုပ်ဆောင်ပေးနိုင်
လမုပင်များသည် အလွန်အေးခဲ သည့်ရာသီဥတုကိုခံနိုင်ရည်မရှိဘဲ ပူနွေး သောရာသီဥတုကို ကြိုက်နှစ်သက်ကြ သည်။ ထို့ကြောင့် ကမ္ဘာကြီးပူနွေးလာမှု သည် လမုပင်များ၏ ပေါက်ရောက် ပြန့်ပွားရေးအတွက် အထောက်အကူ ဖြစ်နိုင်ပါလိမ့်မည်။ လမုပင်များသည် ၎င်းတို့ ပေါက်ရောက်ရာဒေသများဖြစ် သော အပူပိုင်းဒေသနှင့် အပူလျော့ပိုင်း ဒေသများ၏ ရာသီဥတုကို သမပိုင်းရာသီ ဥတုအဖြစ် မျှတအောင် လုပ်ဆောင် ပေးနိုင်စွမ်းရှိကြသည်။
လမုပင်များ၏ ပင်စည်များနှင့် အကိုင်းများမှ ဆင်းသက်လာသော ထုထည်သိပ်သည်းသည့် အမြစ်များသည် လှိုင်းတံပိုးများနှင့် ဒီရေလွှမ်းမိုးမှုများကို ကာကွယ်တားဆီးရာတွင် ကူညီပေးနိုင် ကြသည်။ ထိုအမြစ်များသည် ကမ်းရိုး တန်းဒေသများတွင် လမုပင်များရှင်သန် စေနိုင်အောင် ကူညီပေးပြီး တစ်ပြန် တစ်လှည့်အနေဖြင့် လှိုင်းများနှင့် ဒီရေ များ၏ ကမ်းရိုးတန်းတိုက်စားမှုကို ကာကွယ်လျှော့ချကာ အရေးပါသော ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုကို ပေးပါ သည်။
ထုထည်ကြီးမားသော လမုပင်များ သည် ရေလှိုင်းများ ကမ်းရိုးတန်းသို့ မရောက်မီ လှိုင်းများ၏ ရိုက်ခတ်အားကို လျော့နည်းစေအောင် လုပ်ဆောင်ပေး နိုင်သည်။ ရာသီဥတုပြောင်းလဲမှုသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာ ခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းများကို မကြာခဏ ဖြစ်ပေါ်စေနိုင်သော်လည်း လမုပင်များသည် ကမ်းရိုးတန်းဒေသ များပျက်စီးမှုကို လျော့နည်းစေရန် ကူညီ ပေးနိုင်ကြပါသည်။ အပူလျော့ပိုင်းဒေသ နှင့် သမပိုင်းကမ်းရိုးတန်းဒေသများတွင် ဆားငန်ရေလွှမ်းမိုးမှုမှ လမုတောလွှမ်းမိုး မှုသို့ ပြောင်းလဲခြင်းဖြစ်စဉ်များသည် ဂေဟစနစ်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ဆောင်မှုနှင့် ရာသီဥတုအလိုက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲ နိုင်ခြင်းတို့အတွက် အရေးကြီးသော ဆောင်ရွက်ချက်များ ဖြစ်သည်ဟု သုတေသီများက မှတ်ချက်ပြုကြသည်။
ကမ္ဘာကြီးအတွက် အကျိုးပြု
ထို့ပြင် အပူပိုင်းစိုစွတ်သည့် သစ်တောများရှိ သစ်ဆွေးမြေများ (peatlands) ကဲ့သို့ပင် လမုပင်များသည် ကမ္ဘာကြီးအတွက် အကျိုးပြုသော ကာဗွန်သိုလှောင်ရုံများ ဖြစ်ကြသည်။ Nature Geoscience ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ ကမ်းရိုးတန်းလမုတော တစ်ဟက်တာ လျှင် ပျမ်းမျှကာဗွန် ၁၀၂၃ မီလီ ဂရမ် သိုလှောင်ထားနိုင်သည်ဟု ဆိုသည်။
ထို့ကြောင့်ကျွန်ုပ်တို့သည် လေထု ထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို ပိုမိုစုပ်ယူနိုင်သည့် လမုပင်များ ကို မူလနေရင်းဒေသများတွင် များပြား စွာ ပေါက်ရောက်ပြန့်ပွားစေခြင်းအပြင် ရှိရင်းစွဲ လမုပင်များကိုလည်း ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သက်ရောက်မှုများ ကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း လေ့လာ ရေးသား လိုက်ရပါသည်။
Ref:-
(1) Darunee Sukanan ၏ Global warming will be a boon to mangrove forests.
(2) Myanmar Biotechnology Society.