ကမ္ဘာ့ဘဏ်က တောင်အာဖရိက၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ ထုတ်ချေး

 

ဝါရှင်တန် ဇန်နဝါရီ ၂၁ 


ကမ္ဘာ့ဘဏ်သည် တောင်အာဖရိက၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို ထောက်ပံ့ရန်နှင့် ကပ်ရောဂါမှ စီးပွားရေး နာလန်ထူအောင်ကူညီပေးရန် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ (ယူရိုသန်း ၆၆၀) ပေးရန်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်က ပြောသည်။ 

 


ထုတ်ပြန်ကြေညာချက်တွင် ဘဏ္ဍာရေးဝန်ကြီး ဌာနက အဆိုပါချေးငွေသည် ဆင်းရဲသားများကို ကာကွယ်ရန်၊ ကိုဗစ်-၁၉ကြောင့် လူမှုစီးပွားရေးပေါ် ဆိုးကျိုးသက်ရောက်မှုကိုကုစားရန်နှင့် စီးပွားရေး နာလန်ထူရန်အတွက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

 


ကပ်ရောဂါကြောင့်   တောင်အာဖရိကတွင် လူပေါင်း ၉၄၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ပြီး ၃ ဒသမ ၅ သန်း ကူးစက်ဖြစ်ပွားခဲ့သည်။ အာဖရိကတိုက်တွင် အမြင့်ဆုံး ကူးစက်ဖြစ်ပွားသည့် ပမာဏဖြစ်သည်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကတည်းက စီးပွားရေး ကျဆင်းမှုကို ကုစားရန် ကမ္ဘာ့ဘဏ်သည် နိုင်ငံပေါင်း ၁၀၀ ကျော်သို့ အမေရိကန်ဒေါ်လာ ၁၅၇ ဘီလီယံကျော်ဖြန့်ကြက်ချထားပေးခဲ့သည်။    

အေအက်ဖ်ပီ