
နေပြည်တော် သြဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော်များ အသုံးပြုနိုင်ရေးအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂ လုံးနှင့် Oxygen Concentrator (10 Liter) တစ်လုံး ပေးအပ်လှူဒါန်းပွဲကို ယနေ့နနံနက် ၉ နာရီခွဲတွင် ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ လှူဒါန်းသည့် အောက်ဆီဂျင် ဖြည့်ပြီး လီတာ ၄၀ အိုး ၃၂ လုံးနှင့် Oxygen Concentrator (10 Liter) တစ်လုံးတို့ကို ဥက္ကဋ္ဌ ဦးရဲထွန်းက ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် သည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကမ္ဘာအေးဗုဒ္ဓ သာသနာ့ သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသော ရဟန်း၊ သံဃာတော်များ၊ ဆေးရုံတက် သံဃာတော်များကို အနီးကပ် ပြုစုစောင့်ရှောက်ပေးသည့် ပစ္ဆာ သမဏများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဖြည့်စွက်အာဟာရနှင့် အချိုရည်များ နေ့စဉ် ဆက်ကပ် လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိသည့် ဆရာ ဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတ စေတနာ့ ဝန်ထမ်းများကို နံနက်၊ နေ့လယ်၊ ညနေစာများ ချက်ပြုတ်ကျွေးမွေး ခြင်း၊ ဆေးကုသမှုခံယူနေသည့် ရဟန်း၊ သံဃာတော်များအတွက် ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံရှိ အောက်ဆီဂျင်အိုး အလုံး ၆၀ ဖြင့် ရွှေပြည်သာမြို့နယ်ရှိ Unity အောက်ဆီဂျင်စက်ရုံ၊ လှိုင်သာယာ မြို့နယ်ရှိ 2000 အောက်ဆီဂျင် စက်ရုံနှင့် ကမာရွတ်မြို့နယ်ရှိ ဆင်မလိုက် သင်္ဘောကျင်း အောက်ဆီဂျင်စက်ရုံများသို့ နေ့စဉ် သွားရောက်၍ (15 Liter, 20 Liter, 30 Liter, 40 Liter)အိုးများ ဖြင့် အလှည့်ကျ အောက်ဆီဂျင် ဖြည့်တင်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေ ကြသည့် ရဟန်း၊ သံဃာတော် များ၏ သွေး၊ ဆီး ရလဒ်အဖြေ များသိရှိရန် သက်ဆိုင်ရာဓာတ်ခွဲ ခန်းများသို့ ပို့ဆောင်ရယူပေးခြင်း တို့ စီမံဆောင်ရွက်ပေးသည်။
ယင်းကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ရဟန်း၊ သံဃာတော်များ ဆေးကုသမှုခံယူ နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှု၊ ကျန်းမာ ရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ် အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ပြီး ကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတို့ကို စီမံဆောင်ရွက်ပေးလျက် ရှိသည်။
ကမ္ဘာအေး ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံကြီးတွင် အောက်ဆီ ဂျင် လီတာ ၄၀ အိုး အလုံး ၆၀ သာရှိပြီး ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှ အောက် ဆီဂျင်ဖြည့်ပြီး အောက်ဆီဂျင်အိုး ၃၂ လုံးနှင့် Oxygen Concentrator (10 Liter) တစ်လုံး လှူဒါန်းပေး သဖြင့် ကမ္ဘာအေး ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော ရဟန်း၊ သံဃာ တော်များအတွက် အောက်ဆီဂျင် များ စဉ်ဆက်မပြတ် ရရှိလာနိုင် မည်ဖြစ်ကြောင်းနှင့် ရဟန်း သံဃာတော်များ ရောဂါပပျောက် ချမ်းသာရရှိနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများ၊ Oxygen Concentrator များ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေ အချိုရည်အတွက် သံဃာတော် တစ်ပါးလျှင် ငွေကျပ် ၇၀၀ဝ နှုန်းဖြင့် ဦးနိုင်အောင်မိုး၊ ညွှန်ကြားရေးမှူး၊ သာသနာရေး ဦးစီးဌာနဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဆပ် ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာ သနာ့သံဃာ့ဆေးရုံ ဖုန်း-၀၉-၄၄၅၅၆၀၀၀၆၊ ဦးသန်းအေး အောင်၊ ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန အဖွဲ့ဝင်၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာ အေး ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ ဖုန်း- ၀၉-၄၂၀၇၀၁၄၅၄ နှင့် ဦးရဲထွဋ် ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန အတွင်း ရေးမှူး၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေး ဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံ ဖုန်း-၀၉-၅၀၅၈၆၁၀ တို့ထံ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်