
ကလိန်အောင် မေ ၇
တနင်္သာရီတိုင်းဒေသကြီး ကလိန် အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေ ဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့က ဆောင်ရွက်သည်။
ထိုသို့ စာအုပ်များငှားရမ်း ပေးရာတွင် မြိုန့ယ်မီးသတ်ဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်း မိသားစုများသို့ ယခင် ငှားရမ်းပေး ထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခု အပတ်တွင် သုတ၊ ရသစာအုပ် ၅၀ ကို အသစ်ပြန်လည် လဲလှယ် ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေ တန်ဖိုးကို ချစ်မြတ်နိုးတတ်စေ ရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မား လာစေရန်နှင့် အလုပ်တာဝန်များ ကြောင့် မအားမလပ်ဖြစ်နေသူ များ၊ စာကြည့်တိုက်သို့ စာအုပ် စာပေများ လာရောက်မငှားရမ်း နိုင်သည့်သူများအတွက် ရည်ရွယ် ၍ သွားရောက်ငှားရမ်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ် ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ကလိန်အောင်မြို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာ ရုံးများသို့ နေ့ရက်အလိုက် အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)