ကလေးမြို့နယ် ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များ မီးရှို့ခံရကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   မေ   ၂
စစ်ကိုင်းတိုင်းဒေသကြီး  ကလေး မြို့နယ် ပြည်တော်သာကျေးရွာ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေ ၁ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာရှိနေအိမ်များ   မီးရှို့ခံရ ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ်      အထင်အမြင်လွဲမှားမှု ဖြစ်စေရန်အတွက်       သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံ ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍    လုံခြုံရေးတာဝန်ရှိသူတစ်ဦး ၏   ပြောကြားချက်အရ  ကလေး မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့်    လုံခြုံ ရေးတပ်ဖွဲ့ဝင်များက မေ ၁ ရက် တွင်      ပြည်တော်သာကျေးရွာ အနီးသို့     ရောက်ရှိစဉ်     အသင့် စောင့်ဆိုင်းလျက်ရှိသည့် အကြမ်း ဖက်သမားများက     လက်လုပ် လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏  ပစ်ခတ်မှုကြောင့် ပြည်တော်သာ ကျေးရွာအတွင်း  လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီး ခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ပြန်လည်တိုက်ခိုက်မှု ကြောင့် အကြမ်းဖက်သမားများ ပြည်တော်သာကျေးရွာ၏ မြောက် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။    
တရားမဝင်ပြည်ဖျက်မီဒီယာ များသည်      သတင်းအမှန်များ ရေးသား    ထုတ်လွှင့်ခြင်းမရှိဘဲ ပြည်သူများအား      သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်း အဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေမည့်      တစ်ဖက်သတ်စွပ်စွဲ ရေးသားချက်များကိုသာ ရည်ရွယ် ချက်ရှိရှိ   ရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်