ကလေးအလုပ်သမားကိစ္စရပ်သည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သောကြောင့် အားလုံးပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်

 

မုံရွာ    အောက်တိုဘာ    ၁၉


စစ်ကိုင်းတိုင်းဒေသကြီး  ကလေး အလုပ်သမား      ပပျောက်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို အောက်တိုဘာ ၁၈ ရက် က  တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌     ကျင်းပ ရာ အစည်းအဝေးသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး     အစိုးရအဖွဲ့ဝင် များ၊       ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အဖွဲ့ဝင် များနှင့်   တာဝန်ရှိသူများ  တက် ရောက်ကြသည်။

 


ရှေးဦးစွာ    တိုင်းဒေသကြီး  ဝန်ကြီးချုပ်      ဦးမြတ်ကျော်က  မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ      အမျိုးသား ကော်မတီ   ပဉ္စမအကြိမ်    လုပ်ငန်း ညှိနှိုင်း         အစည်းအဝေးတွင် လိုက်နာ အကောင်အထည်ဖော် ရမည့်      လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသ ကြီးအတွင်း ကလေးအလုပ်သမား  ပပျောက်ရေးနှင့်    စပ်လျဉ်းပြီး  တိုင်းဒေသကြီးအဆင့် ကော်မတီ အား  ပြန်လည်ပြင်ဆင်  ဖွဲ့စည်း ပြီးဖြစ်ရာ ဆပ်ကော်မတီ (၈) ရပ် ဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း။ 

 


၂၀၂၂-၂၀၂၃ ဒုတိယခြောက်လ အတွင်း ဘဏ္ဍာငွေသုံးစွဲရာတွင် ကော်မတီအသီးသီးက     အသုံး စရိတ်များကို ရန်ပုံငွေကော်မတီသို့ တင်ပြသွားကြရန်၊ ပိုလျှံရန်ပုံငွေ များအား     လုပ်ထုံးလုပ်နည်းနှင့် အညီ ပြန်လည်တင်ပြသွားကြရန် လိုအပ်ကြောင်း၊   ကလေးအလုပ် သမား    ကိစ္စရပ်သည်    အလွန် ကျယ်ပြန့်သဖြင့် တစ်မျိုးသားလုံး နှင့်သက်ဆိုင်သောကြောင့် အမျိုး သားရေး  တာဝန်တစ်ရပ်အနေ ဖြင့်  ခံယူပြီး  အားလုံးပူးပေါင်း  အကောင်အထည်ဖော် ဆောင်ရွက် ကြရန်နှင့် အစည်းအဝေးသို့ တက် ရောက်လာကြသည့်       အစိုးရ အဖွဲ့ဝင်များ၊     ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်း အကြံပြု     ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 


ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမား   ပပျောက် ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ       ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကော်မတီ လုပ်ငန်းများ    ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်   လုပ်ငန်း အခြေအနေများအား    ရှင်းလင်း ဆွေးနွေးပြောကြားပြီး တိုင်းဒေသ ကြီး          ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အတွင်း ရေးမှူး တိုင်းဒေသကြီး အလုပ်ရုံ နှင့်အလုပ်သမား ဥပဒေစစ်ဆေး ရေးဦးစီးဌာနမှ ကော်မတီလုပ်ငန်း များ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြကြသည်။ 

 


ဆက်လက်၍ ကလေးအလုပ် သမားပပျောက်ရေး     ကော်မတီ အဖွဲ့ဝင်  စာရင်းကောက်ယူရေး  လုပ်ငန်းကော်မတီအတွင်းရေးမှူး  တိုင်းဒေသကြီး ဗဟိုစာရင်းအင်း ဦးစီးဌာနမှ  ကော်မတီလုပ်ငန်း များ      ဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊     ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ကော်မတီအတွင်းရေးမှူး     တိုင်း ဒေသကြီး     ပညာရေးမှူးရုံးမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအား            လည်းကောင်း၊  ဥပဒေပြုရေးဆိုင်ရာ    လုပ်ငန်း ကော်မတီအတွင်းရေးမှူး   တိုင်း ဒေသကြီး ဥပဒေရုံးမှ ကော်မတီ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အားလည်းကောင်း၊     အဆိုးရွား ဆုံးပုံစံဖြင့်    ခိုင်းစေခြင်းခံရသော  ကလေးအလုပ်သမားများ လုပ်ငန်း ခွင်မှ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး     လုပ်ငန်းကော်မတီ အတွင်းရေးမှူး    တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှကော်မတီ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အားလည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး  တိုင်းဒေသကြီး     အလုပ်သမား ညွှန်ကြားရေး           ဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ    ဆောင် ရွက်ထားရှိမှုအားလည်းကောင်း၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေး  လုပ်ငန်းကော်မတီအတွင်းရေးမှူး  တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ကော်မတီလုပ်ငန်းများ     ဆောင် ရွက်နေမှုများနှင့်    ပတ်သက်၍ လည်းကောင်း   ဆွေးနွေးတင်ပြ ကြသည်။

 


ဆက်လက်၍ အစည်းအဝေး သို့   တက်ရောက်ကြသော   တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက         ကလေး အလုပ်သမား          ပပျောက်ရေး ကော်မတီလုပ်ငန်းများ   ဆောင် ရွက်နေမှုများနှင့်      ပတ်သက်၍ အကြံပြု       ဆွေးနွေးတင်ပြကြ သည်။

 


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်         ဦးမြတ်ကျော်က  အစည်းအဝေးသို့  တက်ရောက်  လာသူများနှင့်    ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ကို    တာဝန်ရှိသူများနှင့်   ဖြည့်  ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို      ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။                                                                               
တိုင်းဒေသကြီး(ပြန်/ဆက်)