ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ (၁၅)နှစ်တာကာလ သတ်မှတ်ပြီး ကာလတို ငါးနှစ်စီမံချက် သုံးခုဖြင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော်    ဇန်နဝါရီ    ၂၅


မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ     ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးတည်အုပ်စုနှစ်ခု


 ရှေးဦးစွာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီဥက္ကဋ္ဌ   ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းက  မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား     ပပျောက်ရေးအစီအစဉ်ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လေးနှစ်တာ စီမံကိန်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍  ကလေးအလုပ်သမား  ပပျောက်ရေး ဆိုင်ရာ  အမျိုးသားအဆင့်   လုပ်ငန်းစီမံချက် ရေးဆွဲ ခဲ့ရာ စီမံချက်ကာလကို ၂၀၁၉ ခုနှစ်မှစတင်၍ ၂၀၃၃ ခုနှစ်အထိ (၁၅)နှစ်တာကာလ သတ်မှတ်ပြီး ကာလတို ငါးနှစ်စီမံချက် သုံးခုဖြင့် ဆောင်ရွက်နေခြင်းဖြစ် ပါကြောင်း၊ စီမံချက်နယ်မြေအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့်    ဦးတည်အုပ်စုနှစ်ခုဖြစ်သည့် အသက် ၁၄ နှစ်အောက်    ကလေးအလုပ်သမား များနှင့်  အသက် ၁၄ နှစ်မှ ၁၈ နှစ်အကြား  ကလေး အလုပ်သမားများအတွက် ရည်ရွယ်ဖော်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်    လုပ်ငန်း ဆောင်ရွက်မှုကို    အကြံပြုဆွေးနွေးသွားစေလိုပါ ကြောင်း၊     လုပ်ငန်းကော်မတီ     ဆောင်ရွက်ရမည့် အညွှန်းကိန်းများနှင့်      ကိုက်ညီမှုရှိစေရန်အတွက်  မိတ်ဖက်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်နေမှုများကို လုပ်ငန်းကော်မတီဥက္ကဋ္ဌရုံးနှင့်    အတွင်းရေးမှူးရုံး များသို့ လစဉ်ပေးပို့ခြင်း၊ ဆက်သွယ်မှု မပြတ်တောက် စေခြင်းတို့အတွက်   တာဝန်ရှိသူများက    ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက် မှုဖြင့်     မိမိတို့နိုင်ငံအတွင်း   ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ   ပညာရေးနှင့်    အသက်မွေး ဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၏   လုပ်ငန်း တာဝန်များကို ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက်  ၂၀၁၉ မှ ၂၀၂၃ ခုနှစ်ထိ  ပထမ ငါးနှစ်စီမံချက် ဦးစားပေးနယ်မြေဖြစ်သည့်  ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ မှအဖွဲ့ဝင်များက  လုပ်ငန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။


ဆွေးနွေးတင်ပြ


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာ သည့် မိတ်ဖက်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာဦးစီး ဌာနများမှ တာဝန်ရှိသူများက ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်    ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းကို ဆွေးနွေးတင်ပြကြသည်။   ယင်းနောက်   ဒုတိယ ဝန်ကြီးက ဆွေးနွေးတင်ပြမှုများနှင့်   မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေး နှင့်      အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီ၏ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှု ရှိစေရေးနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်