ကလော၌ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

 

ကလော    ဒီဇင်ဘာ    ၁


ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၌  (၁၈)ကြိမ်မြောက် မြို့လုံး ကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံ ထွန်းညှိပူဇော်ပွဲကို ကလောမြို့တွင်း တတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ လျက်ရှိကြောင်း သိရသည်။

 
ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲကို ပြိုင်ပွဲဝင်မီးရှော်တိုင်နှင့် မီးကြာစံအဖွဲ့များက စုရပ်ပြုလုပ်ပြီး ကလောမြို့တွင်းမှ မီးရှော်တိုင်ကွင်းအတွင်း သို့လှည့်လည်၍ ကွင်းအတွင်း ပြိုင်ပွဲဝင်မီးကြာစံအဖွဲ့များဖြစ်သည့် တိုင်းရင်းသား ရိုးရာအကအဖွဲ့များက “ကလောမြို့မှ ဖိတ်ခေါ်သံ” သီချင်းဖြင့်  ယှဉ်ပြိုင်ကပြ ဖျော်ဖြေခဲ့ပြီး   ပြိုင်ပွဲဝင်မီးရှော်တိုင်အဖွဲ့များက ပစ်လွှတ်ထွန်းညှိပူဇော်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။


ကလောမြို့ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှစျေးသည်များက လူသုံးကုန်နှင့်စားသောက်ဖွယ် ရာများ လာရောက်ရောင်းချလျက်ရှိပြီး ရိုးရာမီးရှော်တိုင်ထွန်းညှိ ပူဇော်ယှဉ်ပြိုင်နေစဉ်ရပ်နီး/ရပ်ဝေးမှဓာတ်ပုံဆရာများလည်း လာရောက် ရိုက်ကူးလျက်ရှိကြောင်းဒေသခံများထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)