ကလောမြို့ကို ခရီးသွားမြို့အဖြစ် အကောင်အထည်ဖော်ရာ၌ စီမံကိန်းတွင်ပါဝင်သည့် မဟာဗျူဟာအတိုင်း အကောင်အထည်ဖော်ရန်လိုအပ်

 

နေပြည်တော်  အောက်တိုဘာ ၂၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဌေးအောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့သို့ရောက်ရှိကာ ကလောမြို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။ (ယာပုံ)
တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက   ကလောမြို့ကို   ခရီး သွားမြို့အဖြစ် အကောင်အထည် ဖော်ရာ၌  ချမှတ်ထားသော   စီမံ ကိန်းတွင် ပါဝင်သည့် မဟာဗျူဟာ အတိုင်း       အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ရန်လိုအပ် ပါကြောင်း၊   မိမိတို့   ဖော်ဆောင် သည့်   စီမံကိန်းသည်  ဧည့်သည် နှင့် ဒေသခံလူထုအတွက်   တန်ဖိုး ရှိသော    စီမံကိန်းဖြစ်စေလိုပါ ကြောင်း၊      စီမံကိန်းများကို အကောင်အထည်     ဖော်ရာတွင် ဆောင်ရွက်ပြီးစီးမှုများနှင့်    နှစ် အလိုက်  ဆောင်ရွက်ချက်များကို အကဲဖြတ်     သုံးသပ်ကာ    အမြဲ ထိန်းသိမ်း  စောင့်ကြည့်သွားရန် လိုအပ်ပါကြောင်း    ပြောကြား သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်      Enchanting Myanmar Health and Safety Protocol နှင့်အညီ ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော      နိုင်ငံ အဆင့် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့်    ကလောမြို့ရှိ ဟိုတယ်များအား   နိုင်ငံအဆင့် အသိအမှတ်ပြု    တံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်  တောင်ကြီးမြို့သို့ ရောက်ရှိကာ တောင်ကြီးဟိုတယ် ခန်းမ၌    ပြုလုပ်သော   ခရီးသွား လုပ်ငန်းဆိုင်ရာ     အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေး      ညှိနှိုင်းအစည်းအ‌ဝေးသို့ တက်ရောက်သည်။ အစည်းအဝေး သို့     ရှမ်းပြည်နယ်   စီးပွားရေးရာ ဝန်ကြီး   ဦးခွန်သိန်းမောင်၊   ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ ဟိုတယ်ဇုန်များ မှ   တာဝန်ရှိသူများနှင့်   ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။ 
အစည်းအဝေးတွင်     ပြည် ထောင်စုဝန်ကြီးက    နိုင်ငံတော် အကြီးအကဲ၏  မန္တလေး၊ ရန်ကုန်၊ ပြည်၊ မော်လမြိုင်၊ ဘားအံခရီးစဉ် များနှင့်    နေပြည်တော်တို့တွင် အသေးစား၊      အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှုများ   ပြုခဲ့ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေးအတွက်        ပင်မစီမံကိန်း (၂၀၂၀-၂၀၃၀)  အား   ရေးဆွဲ ဆောင်ရွက်နေသည်ကို  သိရှိရပါ ကြောင်း၊  နိုင်ငံတော်မှ    စိုက်ပျိုး မွေးမြူရေးကို အခြေခံ၍ တန်ဖိုး မြင့် ထုတ်ကုန်များကို ထုတ်လုပ် နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာ တွင် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာသည်   အရေးကြီးပါ ကြောင်း၊  ပညာရေးကို  အဆင့် အတန်းမြှင့်တင်ရမည်ဖြစ်သကဲ့သို့ သက်မွေးမှု    ပညာရပ်များ၏ အခန်းကဏ္ဍသည်   အရေးကြီးပါ ကြောင်း၊   အစိုးရ၊   ပုဂ္ဂလိကနှင့် ပြည်သူလူထုတို့ အားလုံးပူးပေါင်း ကာ ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ MSMEs လုပ်ငန်းများ သည် ခရီးသွားလုပ်ငန်းအတွက် သာမက နိုင်ငံတော်၏ လူမှုစီးပွား ဘဝတိုးတက်ရေးကိုပါ အထောက် အကူပြုနိုင်သော   အဓိကအခန်း ကဏ္ဍဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်း  ဆောင်ရွက်ကြစေလို ပါကြောင်း      ပြောကြားသည်။ ထို့နောက် စီးပွားရေးရာဝန်ကြီး နှင့်     တက်ရောက်လာသူများ က    ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး    ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေး သည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်      Enchanting Myanmar Health and Safety Protocol နှင့်အညီ ကျန်းမာရေး နှင့်  ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော    နိုင်ငံ အဆင့် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့်    တောင်ကြီးမြို့ရှိ ဟိုတယ်များအား     နိုင်ငံအဆင့် အသိအမှတ်ပြု     တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးသည် တောင်ကြီးဟိုတယ် ၌      ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် တွေ့ဆုံ ကာ ရှမ်းပြည်နယ်အတွင်း ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊   အင်းလေးကန်    သန့်ရှင်း သာယာလှပရေးနှင့်     ခရီးသွား လုပ်ငန်းဆိုင်ရာ   အသေးစား၊ အငယ်စားနှင့်    အလတ်စား လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်မည့်အစီ အစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
ယနေ့   နံနက်ပိုင်းတွင်  ပြည် ထောင်စုဝန်ကြီးသည် အင်းလေး ကန်အတွင်း   ဗေဒါ၊     ဒိုက်နှင့် အမှိုက်များ ကင်းစင်ရေးအတွက် ဆောင်ရွက်ထားရှိမှုကို စက်လှေ ဖြင့်      လှည့်လည်ကြည့်ရှုပြီး အင်းလေးကန်   သာယာလှပရေး နှင့်   ရေရှည်တည်တံ့    ခိုင်မြဲရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန်    မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်