ကလောမြို့ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၂-၂၀၂၅)ပါ မဟာဗျူဟာအစီအစဉ်များကို အထူးဂရုစိုက် အကောင်အထည်ဖော်ကြရန်လိုအပ်

 

နေပြည်တော်   မေ ၂၄


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်  ယမန်နေ့ မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ ခရီးသွားပြည်သူများ အပန်းဖြေအနားယူရန် ဆောင်ရွက်ထားရှိသည့် မောမြေဦး ပန်းခြံ၊ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ  အဆောက်အအုံတစ်ခုဖြစ်ပြီး  သမိုင်းအမွေအနှစ်တစ်ခုလည်း ဖြစ်သည့် ကလောဘူတာသို့သွားရောက်ပြီး ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ် နိုင်ရေးအတွက်  ဆောင်ရွက်ထားရှိမှုနှင့်   Heritage Tourism ဖော်ဆောင်သွားနိုင်မည့်အခြေအနေများ၊ Maluca Villa သို့သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက်  ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး ပြင်ဆင်ထားရှိမှု၊  Maluca နာမည်ဖြင့် အဆင့်အတန်းမီ  သဘာဝလူသုံးကုန်ပစ္စည်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ ကလောဂါးဒင်းဟိုတယ်၌ ကျင်းပသည့် ကလောမြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနား သို့ တက်ရောက်သည်။  
အခမ်းအနားသို့      ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ခရီးစဉ်ဒေသ  စီမံခန့်ခွဲမှုအဖွဲ့များ၊   ဟိုတယ်ဆိုင်ရာ  လုပ်ငန်းရှင်များအသင်းမှ   ကိုယ်စား လှယ်များ၊  ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က  ကလောခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ယခုဖိုရမ်အား ကျင်းပ ပေးခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက် ရာတွင်  ခရီးစဉ်ဒေသ   စီမံခန့်ခွဲမှုအဖွဲ့(DMO)များ၏ အခန်းကဏ္ဍမှာ   အရေးကြီးပါကြောင်း၊    ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆက်စပ်ဌာန များ၊ အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင် သူများအားလုံး  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊     ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)  ၏  အစီရင်ခံစာအရ   ကမ္ဘာနှင့်အဝန်း ခရီးစဉ်ဒေသများသို့  နိုင်ငံတကာခရီးသည် ရောက်ရှိ မှုမှာ  ၂၀၂၃  ခုနှစ်နှင့်  ၂၀၂၂  ခုနှစ်တို့  နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရှိရပြီး   မြန်မာ နိုင်ငံသို့ ဝင်ရောက်မှုမှာလည်း တိုးတက်ခဲ့ပါကြောင်း၊ ကလောမြို့သို့  ခရီးသွားဧည့်သည်  ဝင်ရောက်မှုမှာ လည်း တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ကလောမြို့   ခရီးသွားလုပ်ငန်း     ပင်မစီမံကိန်း (၂၀၂၂-၂၀၂၅)  ပါ    မဟာဗျူဟာအစီအစဉ်များကို အထူးဂရုစိုက်အကောင်အထည်ဖော်ကြရန် လိုအပ်ပါ ကြောင်း၊ စီမံကိန်းမှာ ဒေသခံတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ခရီးစဉ်ဒေသ စီမံ ခန့်ခွဲမှုအဖွဲ့ (DMO) များနှင့်   ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားလိုပါကြောင်း၊   ယနေ့ကျင်းပသော ဖိုရမ်မှ တစ်ဆင့် ကလောမြို့ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရေးအတွက်  ဆွေးနွေးဖော်ထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က    ရှမ်းပြည်နယ်အတွင်း    ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းအမျိုးအစားများ ဖော်ထုတ်ထားရှိမှု၊ ပြည်နယ်အတွင်း  ခရီးသွားဧည့်သည်ဝင်ရောက်မှု၊ ခရီးသွားလုပ်ငန်း       ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်   အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စီးပွား ရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊  တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရားသို့သွားရောက်၍    ဘုရားဖူးခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်မှု၊        မြင်းကကျေးရွာရှိ အပန်းဖြေခရီးသွားလုပ်ငန်း       ဆောင်ရွက်ထားရှိမှု၊ ဗျိုက်တောင် View Point နေရာများသို့သွားရောက်ပြီး အပန်းဖြေခရီးသွားလုပ်ငန်း     ဆောင်ရွက်ထားရှိမှု၊ နန်းသဲကျေးရွာရှိ   Kalaw  Glamping  Adventure Tourism Site သို့သွားရောက်ကာ  ခရီးသွားဧည့်သည် များအတွက်  ဘေးအန္တရာယ်ကင်းစွာ စွန့်စားခရီးသွား လုပ်ငန်း အကောင်အထည်ဖော်ထားရှိမှုနှင့် အပန်းဖြေ ခရီးသွားလုပ်ငန်း  ဖော်ဆောင်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Kalaw Hill Lodge Hotel သို့သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်း များပေးစွမ်းနိုင်ရေးအတွက်    ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက်  ဝက်ဖြူရေ ကျေးရွာအုပ်စု ရေယောင်းမကျေးရွာအား ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင် ထားရှိသောအခြေအနေများ၊  ခရီးသွားဧည့်သည်များ ကျေးရွာအတွင်း      လာရောက်လည်ပတ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ ခရီးသွားဧည့်သည်များ တောတောင် ရေမြေသဘာဝအလှအပများ ကြည့်ရှုခံစားနိုင်စေရန် View Point များ၊  အပန်းဖြေစခန်းများ စီစဉ်ထားရှိမှု အခြေအနေများကို    သွားရောက်ကြည့်ရှုခဲ့ကြောင်း  သိရသည်။                   

သတင်းစဉ်