
မြစ်ကြီးနား အောက်တိုဘာ ၂၂
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရေး ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၂၁ ရက်က ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။ (ယာပုံ)
လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စနစ်တကျဖြင့် အလေးထားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများသည် ပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေသည့် အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် များစွာ အရေးပါသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ ၍ ဒေသတွင်း MSMEs လုပ်ငန်းများ ရေရှည်ခိုင်မာ အားကောင်းလာစေပြီး ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအပေါ် ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် SME Member Card များ ခွင့်ပြု ထုတ်ပေးထားမှု အခြေအနေများ၊ လုပ်ငန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ချေးငွေရရှိမှု အခြေအနေများ၊ နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြ ပြီး စီးပွားရေးလုပ်ငန်းရှင်များက ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေး ရမည့်ကိစ္စရပ်များ၊ ချေးငွေလိုအပ်ချက်နှင့် ထုတ်ကုန် ပစ္စည်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဈေးကွက်ရရှိ ရေးစသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာန ဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အေဂျင်စီအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ တွင် အသေးစားလုပ်ငန်းအတွက် ၄၃၁ ခု၊ အလတ် စားလုပ်ငန်းအတွက် ၁၉ ခု၊ ရောင်းဝယ်မှုလုပ်ငန်း များတွင် အသေးစားလုပ်ငန်းအတွက် ၂၀၄ ခု၊ အလတ်စားလုပ်ငန်းအတွက် ၃၀၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းများတွင် အသေးစားလုပ်ငန်း အတွက် ၁၂၈ ခု၊ အလတ်စားလုပ်ငန်းအတွက် ၁၇ ခုတို့ဖြင့် စုစုပေါင်း MSMEs လုပ်ငန်းပေါင်း ၈၂၉ ခုတို့အတွက် SME Member Card များ ခွင့်ပြုထုတ်ပေးထားပြီး ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရေး အတွက် ပြည်တွင်းသင်တန်း ၅၈ ကြိမ်နှင့် ပြည်ပ သင်တန်း သုံးကြိမ်သို့ တက်ရောက်နိုင်ရေး ဆောင် ရွက်ပေးကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)