
မြစ်ကြီးနား မေ ၂၄
ကချင်ပြည်နယ် အတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော် မြို့နယ်များရှိ ယာယီခိုလှုံရာစခန်း များမှ ၎င်းတို့၏ မူလနေရပ် ကျေးရွာများဖြစ်သည့် ဝိုင်းမော် မြို့နယ် ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန် ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်လျက် ရှိရာ အဆိုပါ နေရပ်ပြန်မိသားစု များ၏ စိုက်ပျိုးရေး၊ ကျန်းမာရေး နှင့် ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၃ ရက်က ဒဘတ်ယန်ကျေးရွာ နှစ်ခြင်းဘုရားရှိခိုး ကျောင်း၌ ကျေးရွာများမှ အိမ်ထောင်စုများ နှင့် သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကျေးရွာ သုံးရွာကိုယ်စား ဒဘတ်ယန် ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာများရှိ အခြေခံပညာ ကျောင်း အဆောက်အအုံများ ပျက်စီးယိုယွင်းနေမှု၊ ကျောင်းဖွင့် ချိန်အမီ ပြုပြင်ဆောင်ရွက်ပေးနိုင် ရေး၊ ကျေးလက်ဆေးပေးခန်း ဖွင့်လှစ်ပေးနိုင်ရေး စသည့် တင်ပြ ချက်များအပေါ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည့် အစီအမံများကို ပြန်လည် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာ တောင်သူများအတွက် အထွက် တိုးမျိုးစပါး ဆင်းဧကရီ-၃ ကို ဧက ၁၆၀ အတွက် မျိုးစေ့အိတ် များ၊ ဧက ၂၀၀ စာအတွက် အစေ့ထုတ်ပြောင်းမျိုးစေ့အိတ်များနှင့် ကျေးရွာကြိုဆို ဧည့်ခံရေးအဖွဲ့များ အတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က နေရပ်စွန့်ခွာပြီး ယာယီ ခိုလှုံရာစခန်းများမှ မိမိတို့နေရပ် ကျေးရွာများတွင် နေထိုင်နေကြပြီ ဖြစ်သည့်အတွက် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်အမီ ကျေးရွာ စာသင်ကျောင်းများ ပြုပြင် တည်ဆောက်နိုင်ရေး အတွက် လိုအပ်သည့် ထောက်ပံ့ ငွေများနှင့် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် ဒဘတ်ယန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ပျက်စီးယိုယွင်း နေမှုနှင့် ကဇူးကျေးရွာ၌ အခြေခံ ပညာမူလတန်းကျောင်း ပျက်စီး ယိုယွင်းမှုကြောင့် ယာယီကျောင်း စာသင်ဆောင်သစ် ဆောက်လုပ် နေမှု၊ ဂါးရာယန်ကျေးရွာ အခြေခံ ပညာအလယ်တန်း ကျောင်းခွဲ ပျက်စီးယိုယွင်းမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဖွင့်ချိန် ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများကို ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာများကြား ညှိနှိုင်းပေါင်းစပ်ပေးသည်။
ထို့နောက် အဆိုပါကျေးရွာ အတွင်း စိုက်ပျိုးမြေဖော်ထုတ်ပေး နိုင်ရေး ကျေးရွာသူ ကျေးရွာသား များ၏ ရွေးချယ်ထားသည့် မြေ နေရာကို ကွင်းဆင်းစစ်ဆေးကြ ကာ ကျေးရွာနှင့် လယ်ယာမြေ များသည် သစ်တောမြေအတွင်း ပါဝင်နေသည့်အတွက် ဌာန ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြဆောင်ရွက်နိုင် ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)