
မြစ်ကြီးနား ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန် တည်ဆောက်နေမှု၊ ရိုးရာဂျပ်ခုတ်သင်တန်းကျောင်း ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် လေဆိပ်ရှေ့ပန်းခြံ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဇန်နဝါရီ ၁၈ ရက်က လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေကူးပြေးလမ်း ၁၀ လမ်း ပါ (အလျားမီတာ ၅၀၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန် တည်ဆောက်နေမှုလုပ်ငန်းခွင်အတွင်း ပွဲကြည့်စင် ဆောက်လုပ်နေမှု၊ အမိုးဒိုင်းများ တည်ဆောက်ထား ရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ကာ ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သွားရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် အတွင်းရှိ ကချင်တိုင်းရင်းသားရိုးရာ ဂျပ်ခုတ် သင်တန်းကျောင်းသို့ သွားရောက်ပြီး ဂျပ်ခုတ် သင်တန်းသူများ၏ ရိုးရာအဝတ်အထည်များကို ဒီဇိုင်းဖော် ဂျပ်ခုတ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ရိုးရာဂျပ်ခုတ်လုပ်ငန်းကို လက်ဆင့်ကမ်း ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးနှင့် သင်တန်းကျောင်း အတွင်း ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ကာ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် မြစ်ကြီးနားလေဆိပ်ရှေ့၌ စည်ပင်သာယာ ရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ပန်းခြံငယ် အတွင်း အလှပန်းပင်များ၊ မြေယာပြုပြင်ခြင်းလုပ်ငန်း များ၊ အလှမီးတိုင်များ စိုက်ထူထားရှိမှုနှင့် လျှောက် လမ်းဆောင်ရွက်နေမှုအခြေအနေများ၊ လေဆိပ်အဝင် လုံခြုံရေးဂိတ် ပြောင်းရွှေ့ဆောင်ရွက်နိုင်ရေးတို့ အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က လေဆိပ်ရှေ့ပန်းခြံအတွင်း လိုအပ် သည့် အလှဆင်ယင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ပြည်နယ်(ပြန်/ဆက်)